လူအ‌ေ-သအပျောက်ရှိ အဓိကရုဏ်းတွေ ပေါ်ပေါက်ခဲ့ပြီးနောက် အခွန်တိုးကောက်မယ့် အစီအစဉ်ကို ကင်ညာ သမ္မတ ပြန်ရုတ်သိမ်း

0
108

လူ ၂၃ ဦး‌ေ-သဆုံးကာ အများအပြား ဒဏ်ရာရခဲ့တဲ့ နိုင်ငံတစ်ဝန်း အဓိကရုဏ်းတွေ ပေါ်ပေါက်ခဲ့အပြီးမှာ အခွန်တိုးမြှင့်ကောက်ခံမယ့် အစီအစဉ်ကို သူ ရုတ်သိမ်းတော့မှာဖြစ်တယ်လို့ ကင်ညာ သမ္မတက ပြောဆိုပါတယ်။

လွှတ်တော်ကို ဝင်စီးခဲ့တဲ့ ဆန္ဒပြသူတွေ၊ နိုင်ငံတစ်ဝန်း ဆန့်ကျင်ဆန္ဒပြမှုတွေနဲ့ နောက်သီတင်းပတ်မှာ ဆန္ဒပြမှုတွေ ထပ်လုပ်သွားမယ်ဆိုတဲ့ ခြိမ်းခြောက်မှု ဖိအားတွေကြောင့် သမ္မတ ဝီလီယမ် ရူတိုက ဗုဒ္ဓဟူးနေ့မှာ အထက်ပါအတိုင်း ကြေညာချက်ထုတ်လိုက်တာဖြစ်ပါတယ်။

၂၀၂၄ ဘဏ္ဍာရေး ဥပဒေကြမ်းကို အလိုမရှိတဲ့ ကင်ညာပြည်သူတွေရဲ့ ကျယ်ကျယ်လောင်လောင် ထုတ်ဖော်သံတွေကို မိမိ နားထောင်ပါကြောင်း၊ ဥပဒေမူကြမ်းကို လက်မှတ်ရေးထိုးတော့မှာ မဟုတ်ကြောင်းနဲ့ ယင်းနောက် ဥပဒေ ရုတ်သိမ်းသွားမှာဖြစ်ကြောင်း ရုပ်သံမိန့်ခွန်းမှာ သူက ပြောဆိုခဲ့ပါတယ်။

နိုင်ငံတစ်ဝန်း လူ ၂၃ ဦးထက်မနည်း ‌ေ-သဆုံးခဲ့ကာ နောက်ထပ် ၃၀ လောက်က ကျည်သင့်ဒဏ်ရာတွေနဲ့ ကုသမှုခံယူနေရတယ်လို့ ကင်ညာ ဆေးဘက်ဆိုင်ရာ အသင်းက ဗုဒ္ဓဟူးနေ့မှာ ပြောဆိုခဲ့ပါတယ်။

ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ဟာနီဖာ အဒန်ကတော့ ဒါဟာ နှစ်သိမ့်ဖြောင့်ဖျမှုသာဖြစ်တယ်လို့ X ပေါ်မှာ ရေးသားခဲ့ပြီး ဥပဒေကြမ်း ရုတ်သိမ်းပေမယ့် ‌ေ-သဆုံးခဲ့ရသူအားလုံးကို အသက်ပြန်ရှင်အောင် လုပ်ပေးမှာလား ဆိုပြီး မေးခွန်းထုတ်ခဲ့ပါတယ်။

သမ္မတ ရူတိုက ကင်ညာလူငယ်တွေနဲ့ စတင်ဆွေးနွေးမှုတွေ လုပ်သွားမယ်လို့ ပြောဆိုခဲ့ပြီး ခြိုးခြံချွေတာတွေ အစီအစဉ်တွေ လုပ်ဆောင်သွားမယ်လို့ ဆိုခဲ့ပါတယ်။

abc.net


LEAVE A REPLY

Please enter your comment!
Please enter your name here