ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း (၃,၀၆၀) ဦးအတွက် ဖန်တီးပေးနိုင်မည့် ရင်းနှီးမြုပ်နှံမှုလုပ်ငန်း (၇) ခု အတည်ပြုပေး

0
103

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း (၃,၀၆၀) ဦးအတွက် ဖန်တီးပေးနိုင်မည့် ရင်းနှီးမြုပ်နှံမှုလုပ်ငန်း (၇) ခု အတည်ပြုပေး‌ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၆/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို ဇွန် (၂၆) ရက်၊ မွန်းလွဲ (၁) နာရီတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် ဟိုတယ်ဝန်ဆောင်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၃) ခုနှင့် စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၄) ခုတို့ကို အတည်ပြုပေးခဲ့သည်။

ထိုသို့အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အရုပ်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း၊ ပြည်တွင်းတွင် (၈၀) ရာခိုင်နှုန်း ရောင်းချပြီး ပြည်ပသို့ (၂၀) ရာခိုင်နှုန်း တင်ပို့မည့် အထည်ချုပ်လုပ်ငန်းများတွင် အသုံးပြုသော Padding and Quilting များ ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းနှင့် CMP စနစ်ဖြင့် wearing apparel အမျိုးမျိုးချုပ်လုပ်ခြင်း လုပ်ငန်းတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ မြန်မာငွေကျပ် (၄,၀၂၃,၀၀၀) သန်းနှင့် အမေရိကန်ဒေါ်လာ (၄.၈၄၅) သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း (၃,၀၆၀) ဦးအတွက် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here