မြန်မာ – အိန္ဒိယနှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးများ ဆွေးနွေး ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကူညီမည်ဟု အိန္ဒိယပြော

0
64

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar သည် ယမန်နေ့ ဇွန်လ (၂၆)ရက်က မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် တွေ့ဆုံစဉ် ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အိန္ဒိယက တတ်အားသရွေ့ကူညီမည်ဟု ပြောကြားသွားသည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်း တိုးမြင့်လာနေသည့် ပဋိပက္ခများ၏ အကျိုးဆက်များနှင့် ပတ်သက်၍လည်း စိုးရိမ်ပူပင်မိကြောင်းလည်း အလေးထားပြောဆိုခဲ့သည်ဟု ဆိုသည်။

ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ
နှင့် တွေ့ဆုံဆွေးနွေးခဲ့သည့်အကြောင်းကို Mr. Subrahmanyam Jaishankar ၎င်း၏ လူမှုကွန်ရက် (X) တွင်ရေးသား ထုတ်ပြန်ထားခြင်းဖြစ်သည်။

“မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ဖြေရှင်းဖို့ သက်ဆိုင်သူ အားလုံးနဲ့ ထိတွေ့ဆက်ဆံဖို့ အိန္ဒိယက တံခါးဖွင့်ထားတယ်” ဟု ၎င်းက လူမှုကွန်ရက် (X) တွင် ရေးသားထားခြင်းဖြစ်သ ည်။

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ရှိရန်အတွက် ၎င်းအနေဖြင့် မည်သည့်နည်းနှင့်မဆို အကူအညီပေးရန် အသင့်ရှိကြောင်းလည်း ပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံရှိ အိန္ဒိယစီမံကိန်းများအတွက် အကာအကွယ်ပေးရေး ကတိကဝတ်များအတွက် နှစ်နိုင်ငံအကြား ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် အီရန်နိုင်ငံ၌ပြုလုပ်ခဲ့သည့် (၁၉) ကြိမ်မြောက် အာရှပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲမှ အပြန် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ခရီးတထောက်နားချိန် အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here