မြန်မာကျောင်းသား/သူများ ဥရောပသမ္မဂ EU ၏ထောက်ပံ့မှုဖြင့် အာဆီယံ တက္ကသိုလ်‌‌များတွင် စရိတ်ငြိမ်းပညာသင်နိုင်ဟုဆို

0
211

မြန်မာကျောင်းသား/သူများအနေဖြင့် ဥရောပသမ္မဂ EU ၏ ထောက်ပံ့မှုဖြင့် အာဆီယံတက္ကသိုလ်‌‌များတွင် စရိတ်ငြိမ်းပညာသင်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

စရိတ်ငြိမ်းပညာသင်လိုသည့်မြန်မာ‌ကျောင်းသား၊ ကျောင်းသူများကို ဗီဇာ/ပါမစ်၊ နိုင်ငံတကာခရီးသွားစရိတ်များ၊ သင်တန်းကြေး၊ တက္ကသိုလ်ဝင်ကြေးနှင့် အာမခံကြေးအပြင် လစဉ်ပညာသင်ဆု ယူရို‌ငွေ € 500 ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

နိုင်ငံခြားတွင် ပညာတော်သင်ဆုနှင့် စရိတ်ငြိမ်းပညာသင်လိုသည့် မြန်မာကျောင်းသား/သူများအနေဖြင့် EMPM ပညာသင်ဆုကို လျှောက်ထားနိုင်ကြောင်း သိရသည်။

အဆိုပါ ပညာသင်ဆုလျှောက်ထားသူများအနေဖြင့် ပညာသင်နေစဉ်ကာလအတွင်း အောင်မြင်စွာပြီးမြောက်ပါက အာဆီယံ နိုင်ငံတက္ကသိုလ်များ၏ ကမ်းလှမ်းထားသည့် မေဂျာများနှင့် ၎င်းတို့၏ လက်ရှိမေဂျာများနှင့်တူညီမျှတသည့် ဘာသာရပ်နယ်ပယ်များအတွက် လျှောက်ထားနိုင်ပြီး ဘွဲ့နှင့်‌မဟာဘွဲ့အတွက် ငွေကြေးထောက်ပံ့မှုရရှိမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် လျှောက်လွှာများကို စတင်လက်ခံနေပြီး ဇူလိုင် (၂) ရက် နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here