အနောက်နိုင်ငံတွေနဲ့ သံဆက်ဆံရေးအဆင့် လျှော့ချဖို့ စဉ်းစားနေကြောင်း ကရင်မလင် ပြောကြား

0
85

ယူကရိန်းစစ်ပွဲမှာ အမေရိကန်နဲ့ မဟာမိတ်တွေက နက်ရှိုင်းစွာ ပါဝင်ပတ်သက်နေမှုကြောင့် အနောက်နိုင်ငံတွေနဲ့ သံတမန်ဆက်ဆံရေး လျှော့ချသွားဖို့ ရုရှားက စဉ်းစားနေတယ်လို့ ကရင်မလင်က ကြာသပတေးနေ့မှာ ထုတ်ဖော်ပြောဆိုပါတယ်။

သံတမန်ဆက်ဆံရေး အဆင့်လျှော့ချတဲ့ ကိစ္စဟာ ဖော်ရွေမှုမရှိ၊ ရန်လိုတဲ့ သရုပ်သဏ္ဍာန်တွေ ကြုံတွေ့ရသော နိုင်ငံတွေအတွက် စံနှုန်းတစ်ခုဖြစ်တယ်လို့ ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်စ်ကော့ဗ်က သတင်းထောက်တွေကို ပြောဆိုပါတယ်။

ပဋိပက္ခမှာ ယူကရိန်းဘက်ကနေ အနောက်နိုင်ငံတွေရဲ့ ပါဝင်ပတ်သက်မှုဟာ ကြီးထွားလာကြောင်း ဒီအတွက် ယူကရိန်း အကျပ်အတည်းမှာ အနောက်နိုင်ငံတွေရဲ့ ယင်းကဲ့သို့ ရန်လိုတဲ့ ကြားဝင်စွက်ဖက်မှုတွေကို တုန့်ပြန်ဖို့ရာ ရွေးချယ်စရာ အမျိုးမျိုးကို ရုရှားအနေနဲ့ စဉ်းစားလာရကြောင်း သူက ပြောဆိုသွားပါတယ်။

သို့ပေမယ့် ဒီကိစ္စနဲ့ ပတ်သက်လို့ လက်ရှိအချိန်အထိ ဆုံးဖြတ်ရခြင်း မရှိသေးဘဲ အနောက်နိုင်ငံတွေကို တုန့်ပြန်ဖို့မှာ မတူကွဲပြားတဲ့ လမ်းကြောင်းတွေကိုလည်း ရုရှားက စဉ်းစားနေတယ်လို့ ပက်စ်ကော့ဗ်က ပြောဆိုခဲ့ပါတယ်။

Ref: Aol


LEAVE A REPLY

Please enter your comment!
Please enter your name here