တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ညီလာခံ ဇူလိုင်လအတွင်း ကျင်းပမည်ဟု ကြေညာ

0
71

တရုတ်သမ္မတ ရှီကျင်းပင်ဟာ ကြန့်ကြာမှုဖြစ်ခဲ့တဲ့ ညီလာခံအတွက် ဇူလိုင် ၁၅ ရက်ကနေ ၁၈ ရက်အထိ ထိပ်တန်းအရာရှိတွေကို ခေါ်ယူသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ ဒုတိယစီးပွားရေး အင်အားကြီးနိုင်ငံမှာ မူဝါဒပိုင်းဆိုင်ရာ အရေးပါတဲ့ အတွက် ရင်းနှီးမြှုပ်နှံသူတွေ အနီးကပ်စောင့်ကြည့်ရတဲ့ အစည်းအဝေးတစ်ခုလည်းဖြစ်ပါတယ်။

အဖွဲ့ဝင် ၂၄ ဦးပါ ပေါ်လစ်ဗျူယိုက ကြာသပတေးနေ့မှာ အစည်းအဝေးလုပ်ခဲ့ပြီးနောက် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တတိယအကြိမ်မြောက် အစည်းအဝေးရက်စွဲကို ထုတ်ပြန်ကြေညာခဲ့တယ်လို့ ဆင်ဟွာသတင်းဋ္ဌာနက ဖော်ပြခဲ့ပါတယ်။

တတိယအကြိမ် စုံညီပွဲလို့ လူသိများတဲ့ ယင်းအခမ်းအနားဟာ တရုတ်နိုင်ငံရဲ့ နိုင်ငံရေးပြက္ခဒိန်မှာ အရေးအကြီးဆုံး အကြောင်းအရာတွေထဲက တစ်ခုဖြစ်ပြီး ရေရှည် စီးပွားရေး မူဝါဒအတွက် လမ်းစချမှတ်လေ့ရှိပါတယ်။ နိုင်ငံခေါင်းဆောင်တွေ၊ ဝန်ကြီးတွေ၊ စစ်ဖက်အကြီးအကဲတွေ၊ ပြည်နယ်ဆိုင်ရာ အရာရှိတွေနဲ့ ထိပ်တန်းပညာရှင်တွေ စုစုပေါင်း ၄၀၀ ခန့်နဲ့ သီတင်းတစ်ပတ်ခန့်ကြာ စည်းဝေးတဲ့ အခမ်းအနားတစ်ခုဖြစ်ပါတယ်။

တရုတ်နိုင်ငံ အကြီးတန်းမူဝါဒချမှတ်တွေအနေနဲ့ စီးပွားရေးအပေါ် လှုပ်ခတ်စေသော နက်ရှိုင်းတဲ့ အိမ်ခြံမြေ အကျပ်အတည်းကို ထိန်းချုပ်နိုင်ရေး ရုန်းကန်နေရစဉ်၊ တိုးမြင့်လာတဲ့ နိုင်ငံတကာ တုန့်ပြန်မှုနဲ့အတူ ဈေးပေါသော ပို့ကုန်တွေအပေါ် အခွန်အကောက်စည်းကြပ်မှုတွေ တိုးမြှင့်နေခြင်းနဲ့ ရင်ဆိုင်လာရစဉ် ယခု အစည်းအဝေး ထွက်ပေါ်လာတာဖြစ်ပါတယ်။

မေလက ထုတ်ဝေတဲ့ ပါတီဂျာနယ် Qiushi မှာ ရှီက “ပိုမိုနက်ရှိုင်းတဲ့ ပြုပြင်ပြောင်းလဲရေး” အတွက် သဘောထားမှတ်ချက်ပြုခဲ့ကြောင်း သိရပါတယ်။

Ref: BT


LEAVE A REPLY

Please enter your comment!
Please enter your name here