နှစ်လအတွင်း တရုတ်နိုင်ငံသို့ တစ်သျှူးငှက်ပျော တန်ချိန် ၁၅၀၀၀၀ ကျော် တင်ပို့ထား

0
91

ယခုဘဏ္ဍာနှစ်၏ နှစ်လအတွင်း တရုတ်နိုင်ငံသို့ တစ်သျှူးငှက်ပျောတန်ချိန် ၁၅၀၀၀၀ ကျော် တင်ပို့ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသ ည်။

ယခုဘဏ္ဍာနှစ် ဧပြီနှင့် မေလအတွင်း တရုတ်နိုင်ငံသို့ ကချင် နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သည့် လွယ်ဂျယ်နှင့် ကံပိုင်တည်တို့မှတဆင့် တစ်သျှူးငှက်ပျောတန်ချိန် ၁၅၀၀၀၀ ကျော် တင်ပို့ထားကြောင်း သိရသည်။

ဧပြီလတွင် ပို့ကုန်ယာဉ် (၂၇၆၆) စီးနှင့်တန်ချိန် ၁၂၀၀၀၀ ကျော်၊ မေလတွင် ပို့ကုန်ယာဉ် (၁၂၂၆) စီးနှင့် တန်ချိန် ၃၀၀၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ကချင်ပြည်နယ်မှ ထွက်ရှိသည့် တစ်သျှူးငှက်ပျောများကို ကံပိုင်တည် ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့နေခြင်းဖြစ်ပြီး ကူမင်း၊ ပေကျင်း၊ ကွမ်တုံ၊ သုံးပိတ်၊ ဟိန်းလုံကျန်၊ ရှီအန်၊ ငွေကျုံး၊ ဝုဟန်၊ ထုံချင်း၊ ကျိန်ကျုံး စသည့် ပြည်နယ်များနှင့် တရုတ် ပြည်တစ်နိုင်ငံလုံးသို့ တင်ပို့လျက်ရှိရာ ရုရှားနယ်စပ် အထိ ရောက်ရှိကြောင်း သိရသည်။

တစ်သျှူးငှက်ပျောကို ကချင်ပြည်နယ်အတွင်း ဧကခြောက်သောင်းကျော် စိုက်ပျိုးလျက်ရှိပြီး ငှက်ပျောစိုက်ပျိုးတင်ပို့သည့် ကုမ္ပဏီစုစုပေါင်း (၂၀) ကျော်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

ပြည်တွင်း၌ တစ်သျူးငှက်ပျောကို ကချင် ပြည်နယ်ရှိ မိုးမောက်မြို့နယ်၊ မံစီမြို့နယ်၊ ရွှေကူ မြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ငါးအိုးမြို့နယ်တို့၌ အများဆုံး စိုက်ပျိုးနေခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here