ဓာတ်အားခများ အလွဲသုံးစားမဖြစ်စေရေးနှင့် အပြည့်အဝကောက်ခံရရှိရေး အထူးအ‌လေးထား ဆောင်ရွက်ရန် လျှပ်စစ် ဒုဝန်ကြီးမှာကြား

0
78

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင် ၊ အောင်ပန်းမြို့နယ်ရှိ လျှပ်စစ်အင်ဂျင်နီယာရုံးများသို့ လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးအေးကျော်မှ သွားရောက် ကြည့်ရှုစစ်ဆေးစဥ် ယင်းကဲ့သို့ မှာကြားခဲ့ခြင်း ဖြစ်သည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော် သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇွန် (၂၆) ရက် ညနေပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၌ တာဝန်ရှိသူများနှင့် တွေ့ ဆုံစဉ် ဒုတိယဝန်ကြီးက ပြည်သူများ၏ ဓာတ်အားသုံးစွဲမှု မှန်ကန်မှု ရှိစေရေးနှင့် မီတာယူနစ်များ လိုဖတ်၊ ပိုဖတ်ခြင်း မရှိစေရေး သတ်မှတ်ကာလအတွင်း မီတာများ ပုံမှန်ဖတ်ရှုရန်နှင့် ဓာတ်အားခများ ပုံမှန်ကောက်ခံရရှိရေးအတွက် အထူးအလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

ဓာတ်အားခငွေများ အလွဲသုံးစားမှု မဖြစ်ပေါ်စေရေးနှင့် အပြည့်အဝ ကောက်ခံရရှိရေး ရပ်၊ ပျက်၊ နှေး မီတာများကို ပုံမှန်ကွင်းဆင်းစစ်ဆေး၍ အမြန်ဆုံးအစားထိုး လဲလှယ်တပ်ဆင်ပေးရန်၊ မိုးဦးကာလ ရောက်ရှိလာပြီဖြစ်၍ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်၊ သစ်ကိုင်းများ ပုံမှန်ရှင်းလင်းခုတ်ထွင်သွားရန်လည်း မှာကြားခဲ့သည်။

ထို့ပြင် ပြည်သူများလျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်ကြရန်တို့ကို မှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး ရုံးလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဝန်ထမ်းအိမ်ရာများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here