ဈေးအရောင်းစင်တာများ၊ Super Market များ၊ Mini Mart များတွင်လည်း ဆန်များကို Consumer Pack များဖြင့် ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချပေးနေ

0
71

ဇွန်လ (၂၇) ရက်တွင် ဈေးအရောင်းစင်တာများ၊ Super Market များ၊ Mini Mart များတွင်လည်း ရွှေဘိုပေါ်ဆန်းများ၊ ဧရာဝတီပေါ်ဆန်းများ၊ ဧည့်မထဆန်များအား Consumer Pack များဖြင့် ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချပေးလျက်ရှိပြီး ယခင်ကထက်ပို၍ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။

သင့်တင့်မျှတသော ရည်ညွှန်းဈေးနှုန်းများနှင့်အညီ ရွှေဘိုပေါ်ဆန်းဆန်များ၊ ဧရာဝတီပေါ်ဆန်းဆန်များ နှင့် ဧည့်မထဆန်များကို နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဆန်စက်များ၊ ဆန်ဆိုင်များ၊ ဆန်ပွဲရုံများမှ ဆက်တိုက် ရောင်းချပေးလျက်ရှိသည်။

ထို့ပြင် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဆက်လက် တိုးချဲ့ ရောင်းချနိုင်ရေးအတွက် လည်းကောင်း၊ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတို့တွင် ဇူလိုင် (၁) ရက်မှ စတင်၍ အိမ်အရောက်ပို့စနစ်ဖြင့် ရွှေဘိုပေါ်ဆန်း (၂၄) ပြည်/ (၄၉) ကီလို တစ်အိတ်လျှင် (၁၅၂၀၀၀) ကျပ်၊ ဧရာဝတီပေါ်ဆန်း (၂၄) ပြည် တစ်အိတ်လျှင် (၁၃၀၀၀၀) ကျပ်၊ ဧရာဝတီပေါ်ဆန်း (၅) ပြည်ခန့်/ (၁၀) ကီလို တစ်အိတ်လျှင် (၂၆၅၀၀) ကျပ်ဖြင့် လည်းကောင်း ရောင်းချပေးသွားမည် ဖြစ်သည်။

နေပြည်တော်တွင် ဆန်ဆိုင် (၇၈)ဆိုင်၊ ရန်ကုန်တွင် ဆန်ဆိုင် (၅၈)ဆိုင် နှင့် မန္တလေးတွင် ဆန်ဆိုင် (၁၅၀) ဆိုင်တို့၌ အထူးဧည့်မထ (10 Kg) (၅ ပြည်ခန့်) တစ်အိတ်လျှင် (၁၅၀၀၀) ကျပ်၊ ပေါ်ဆန်း (10 Kg) (၅ ပြည်ခန့်) တစ်အိတ်လျှင် (၂၅၀၀၀) ကျပ်ဖြင့် ရောင်းချပေးလျက်ရှိပြီး၊ လူမှုရေး/ ဘာသာရေး အသင်းအဖွဲ့များ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ စက်ရုံအလုပ်ရုံများ၊ ထမင်းဆိုင်များမှ လုပ်ငန်းသုံး/ အများသုံးဝယ်ယူမှုများအတွက် အရေအတွက် အကန့်အသတ် မထားဘဲ သင့်တင့်မျှတသော ပမာဏ/ အိတ်ရေကို ရည်ညွှန်းဈေးဖြင့် ဝယ်ယူနိုင်ရေး စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ဆန်ဝယ်ယူရန် လိုအပ်ချက်၊ အကြံပြုချက်၊ မေးမြန်းရန်များ ရှိပါက အသင်းချုပ် ဖုန်းနံပါတ် 09-400067240 ၊ 09-400067250 ၊ 09-400067260 သို့ ဆက်သွယ်မေးမြန်း အကြံပြုနိုင်ကြောင်းလည်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here