အိန္ဒိယအရက်အဆိပ်သင့်မှု ‌ေ-သဆုံးသူ ၆၃ ဦးအထိရှိလာ

0
48

နူးဒေလီ၊ဇွန် ၂၇

အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ မြို့တစ်မြို့တွင် ပြီးခဲ့သည့် သီတင်းပတ်က ချက်အရက်သောက်သုံး၍ ‌ေ-သဆုံးသူ ၆၃ ဦးအထိ များလာခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇွန်လ ၂၇ ရက်၌ ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ၌ ဈေးပေါသောချက်အရက်များကြောင့်နှစ်စဉ် လူများ ရာနှင့်ချီ‌ေ-သဆုံးနေရသော်လည်း တမီလ်နာဒူးပြည်နယ်ရှိ ယခုဖြစ်ရပ်သည် မကြာသေးမီနှစ်များအတွင်း လူအ‌ေ-သအပျောက်အများဆုံးထဲမှတစ်ခုဖြစ်လာခဲ့သည်။

မီသနောပါသည့် ချက်အရက်များကိုသောက်သုံးပြီးနောက် ‌ေ-သဆုံးသူ ၆၃ ဦးအထိရှိလာခဲ့သကဲ့သို့ မျက်လုံးကွယ်သွားကြသူများလည်းရှိသည်ဟု အာဏာပိုင်များကပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ၏ ဒေသအများအပြားတွင် အရက်ရောင်းခြင်းနှင့် သောက်ခြင်းကို တားမြစ်ထားပြီးထိုသို့တားမြစ်ခြင်းကပင် တစ်ခါတစ်ရံ၌ ‌ေ-သစေတတ်သည့်မှောင်ခိုဈေးကွက်ကို ပိုမိုကျယ်ပြန့်လာစေခဲ့သည်။

ယမန်နှစ်ကလည်း အဆိပ်ပြင်းသော အရက်ကြောင့်အိန္ဒိယအရှေ့ပိုင်း ဘီဟာပြည်နယ်တွင် တစ်ကြိမ်တည်း လူ ၂၇ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၂၀၂၂ ခုနှစ်ကမူ ဂူဂျာရတ်တွင် အနည်းဆုံး လူ ၄၂ ဦး‌ေ-သဆုံးသည်အထိဖြစ်ခဲ့သည်။

Source : အေအက်ဖ်ပီ/အာရ်ကေ


LEAVE A REPLY

Please enter your comment!
Please enter your name here