ရုရှားသည် ကုလသမဂ္ဂ၏ အခြေခံမဏ္ဍိုင်အဖြစ် ဆက်လက်တည်ရှိနေဆဲဟု ကုလဆို

0
44

ရုရှားနိုင်ငံသည် ကမ္ဘာ့ကုလသမဂ္ဂ၏ လုပ်ငန်းဆောင်တာများတွင် အရေးပါသော မဏ္ဍိုင်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပြောကြားခဲ့သည်။

“ဆိုဗီယက်ယူနီယံနဲ့ ရုရှားတို့ဟာ ကုလသမဂ္ဂကို ဖွဲ့စည်းဖို့အတွက် မရှိမဖြစ်လိုအပ်ခဲ့ကြတာဖြစ်ပါတယ်။ သူတို့ဟာ ကုလသမဂ္ဂရဲ့ လုပ်ငန်းဆောင်တာတွေရဲ့ အခြေခံမဏ္ဍိုင်တစ်ခုပါ။ ဟုတ်ပါတယ်၊ ဒါဟာ နိုင်ငံကြီးပါ၊ ပါဝါကြီးပါတယ်” ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောကြားခဲ့သည်။

ကုလသမဂ္ဂတွင် ပြဿနာများသည် ပုံမှန်အားဖြင့် အင်အားကြီးနိုင်ငံများမှ လာသည်ဟုလည်း ဂူတားရက်စ်က ပြောကြားခဲ့သည်။

“ဆိုလိုတာက ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုတွေကို ဆက်လုပ်နေကြဖို့နဲ့ ပြဿနာတွေကို ပိုဆိုးစေမယ့်အစား ဖြေရှင်းဖို့ အမြဲတမ်း ဦးတည်နေတဲ့ ဆက်ဆံရေးရှိဖို့က အရမ်းအရေးကြီးတယ်”ဟုလည်း လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က ပြောကြားသေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here