တောင်ပြုံးပွဲတော်ကို (၈) ရက်ကြာကျင်းပမည်

0
58

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တောင်ပြုံးကျေးရွာရှိ သမိုင်းဝင်ဆုတောင်းပြည့် ဆုတောင်းရဘုရား ဗုဒ္ဓပူစနိယပွဲတော် ဆွမ်းတော်ကြီး ကပ်လှူပူဇော်ပွဲနှင့် တောင်ပြုံးမင်းနှစ်ပါးပွဲတော်ကို ၁၃၈၆ ခုနှစ်၊ ဝါခေါင်လဆန်း (၈) ရက်မှ (၁၅) ရက်အထိ (၈) ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီ ဆုတောင်းပြည့်ဆုတောင်းရ ဂေါပကအဖွဲ့ထံမှ သိရသည်။

” အခုကတော့စီစဉ်နေတုန်းပါပဲ။ လူကတော့ သုံးပုံ ပုံရင် တစ်ပုံလောက်တော့ လာကြပါတယ်။ ပွဲကလည်း ကိုဗစ်ကာလမှာ အဆက်ပြတ်သွားတာကြောင့်လည်း ပါတယ်။ အခုလက်ရှိကတော့ ဈေးဆိုင်ခန်းတွေ ဈေးရောင်းချဖို့အတွက် စီစဉ်နေတယ်။ အစည်းအဝေးကလုပ်တုန်းပါ” ဟု ကျင်းပရေးကော်မတီ၊ ဆုတောင်းပြည့်ဆုတောင်းရ ဂေါပကအဖွဲ့တောင်ပြုံးကြီးရွာမှ ဥက္ကဋ္ဌ ဦးဌေးအောင်က ပြောသည်။

မြန်မာနိုင်ငံ၌ အထင်ရှားဆုံး ပွဲတော်များအနက် တစ်ခုဖြစ်ပြီး တောင်ပြုံးရွာ၏ တောင်ပြုံးနတ် မင်းနှစ်ပါးကို နှစ်စဉ် ပူဇော်ပသသောအနေဖြင့် ကျင်းပကြခြင်းဖြစ်သည်။

သို့သော် တကယ့်ပွဲတော်မှာ အနော်ရထာမင်းတည်ထားခဲ့သော ဆုတောင်းပြည့်ဘုရားနှင့် နောက်ပိုင်းမှ တည်ဆောက်ထားသော ဆုတောင်းရ ဘုရားပွဲတော်ဖြစ်သည်။

ဘုရားပွဲတော်ကို နှစ်ရက်တာကျင်းပကြကာ ဝါခေါင်လဆန်းရှစ်ရက်မှ ဆယ်ရက်အထိကျင်းပကြပြီး တစ်ချိန်တည်းတွင်ပင် ဘုရားပွဲနှင့်အတူ နတ်ပွဲကိုလည်း ကျင်းပကြောင်း သိရသည်။

တောင်ပြုံးပွဲသည် နိုင်ငံ၏ အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသူများဖြင့် အလွန်စည်ကားလျက်ရှိပြီး ရိုးရာဓလေ့တစ်ခုစီကို တစ်ရက်စီ၌ ကျင်းပကြကာ ပွဲတော်ရက်အတွင်း နတ်ကနား(အက)သည် ပွဲတော်၏ အဓိလက္ခဏာဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here