အာဆီယံ – ကင်ဘာရာကော်မတီ၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို မလေးရှားသံအမတ်ကြီးက ဖိလစ်ပိုင်သံအမတ်ကြီးထံ လွှဲပြောင်းပေးအပ်

0
56

ကင်ဘာရာမြို့အခြေစိုက် အာဆီယံ – ကင်ဘာရာ ကော်မတီ ၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ဩစတြေးလျနိုင်ငံဆိုင်ရာ မလေးရှား သံအမတ်ကြီးက ဩစတြေးလျနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီးထံ လွှဲပြောင်းပေးအပ်လိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

ကင်ဘာရာမြို့အခြေစိုက် အာဆီယံ-ကင်ဘာရာကော်မတီ (ASEAN Committee in Canberra-ACC) အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် မလေးရှားသံရုံးက အာဆီယံ – ကင်ဘာရာ ကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေး (၂/၂၀၂၄) ကို ဇွန်(၂၆)ရက်၊ နံနက် (၁၁)နာရီက ကင်ဘာရာမြို့ရှိ The Commonwealth Club ၌ ကျင်းပခဲ့ရာ မြန်မာသံရုံး၊ ကင်ဘာရာမြို့မှ သံရုံးယာယီတာဝန်ခံ/ သံ အမတ် ဦးသက်ထွန်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေး၌ ဩစတြေးလျနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီး H.E. Ms. Sharrina Binti Abdullah က အစည်းအဝေးသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ (၁၃) ရက်တွင် ကျင်းပခဲ့သည့် အာဆီယံ-ကင်ဘာရာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေး (၁/၂၀၂၄) ၏ အစည်းအဝေး မှတ်တမ်းကို အတည်ပြုခဲ့ကြောင်း သိရသည်။

မလေးရှားသံရုံးအနေဖြင့် ကော်မတီအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိကာလအတွင်း ကော်မတီအနေဖြင့် ဆောင်ရွက်နိုင်ခဲ့သည့် လုပ်ငန်းအစီအစဉ်များအပေါ် သုံးသပ်ဆွေးနွေးခဲ့သည်။

ထို့ပြင် ၂၀၂၄ ခုနှစ်အတွင်း ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များနှင့် အာဆီယံ-ကင်ဘာရာ ကော်မတီနှင့် ဩစတြေးလျနိုင်ငံမှ တာဝန်ရှိသူများအကြား ထိတွေ့ဆက်ဆံသွားရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here