၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပဲခူးတိုင်းဒေသကြီးတွင် ရိုဘက်စတာကော်ဖီ ဧက (၁၀၀၀) ထိ စိုက်ပျိုးသွားမည်

0
53

၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်၏ စိုက်ပျိုးရာသီတွင် ပဲခူးတိုင်းဒေသကြီးအတွင်း ရိုဘက်စတာကော်ဖီ ဧက (၁၀၀၀) ထိ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရ အ ဖွဲ့၏ သတင်းများအရ သိရသည်။

ရိုဘက်စတာ မြေနိမ့်ကော်ဖီမျိုးများသည် ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ ၂၅၀၀ အောက်နှင့် မိုးရေချိန် လက်မ ၆၀ မှ လက်မ ၁၀၀ ကြားတွင် စိုက်ပျိုးရန် သင့်တော်သည့် ကော်ဖီအမျိုးအစားများဖြစ်ပြီး အဆိုပါ ရိုဘက်စတာကော်ဖီသည် ကမ္ဘာ့ဈေးကွက်ဝင် ကော်ဖီအမျိုးအစားဖြစ်ကြောင်း သိရသည်။

သစ်တောအစုအဖွဲ့ လုပ်ငန်းရှင်များအနေဖြင့် ရိုဘက်စတာကော်ဖီကို သီးညှပ်စိုက်ပျိုးခြင်းအားဖြင့် နှစ်သီးပေါ်မှ ဝင်ငွေ ပိုမိုတိုးတက်ရရှိလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ရေတာရှည်မြို့တွင် Linght House Co., Ltd မှ ပြည်တွင်းမှထွက်ရှိသည့် ကော်ဖီကိုဝယ်ယူကာ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် အမှုန့်ကြိတ်၍ ပြည်ပဈေးကွက်များသို့ နှစ်စဉ်တင်ပို့ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် စိုက်ပျိုးရာသီတွင် ပဲခူးတိုင်းဒေသကြီးအတွင်း ရိုဘက်စတာကော်ဖီ ဧက (၁ ၀၀၀) ထိ စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here