ဝင်းနိမ္မိတာရုံ ဆရာတော်ကြီး၏ အရိုးပြာများ စစ်တောင်းမြစ်အတွင်း ရေမျောပူဇော်

0
111

ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်ကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ၏ ကြွင်းကျန်ရစ်သော အရိုးပြာများကို ယနေ့ ဇွန် (၂၈)ရက်တွင် စစ်တောင်းမြစ်အတွင်း ရေမျောပူဇော်ခဲ့ကြောင်း သိရသည်။

ယနေ့ ညနေ (၅)နာရီခွဲခန့်က ပဲခူးတိုင်း၊ စစ်တောင်းမြစ်ကမ်း နံဘေးရှိ ကမ်းကြီးဆိပ်ကျေးရွာတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဆရာတော်ကြီး၏ အဂ္ဂိဈာပနအခမ်းအနားကို ယမန်နေ့ ဇွန် (၂၇)ရက်က ဝင်းနိမ္မိတာရုံကျောင်းတိုက်မှတဆင့် ဆင်ဖြူကွင်းသုဿာန်ရှိ လောင်တိုက်တော်သို့ ပင့်ဆောင်ပူဇော်ခဲ့ကာ ယနေ့တွင် အရိုးပြာကို စစ်တောင်းမြစ်အတွင်းသို့ ရေမျှောပူဇော်ခဲ့ခြင်း ဖြစ်သည်။

ဆရာတော်ကြီး၏ အရိုးပြာရေမျောပူဇော်ပွဲကို အခြားသောကျောင်းတိုက်များက ဆရာတော်ကြီးများ၊ တပည့်ရဟန်းတော်များ၊ ဒါယကာ၊ ဒါယကမများက စစ်တောင်းမြစ်ကမ်းလုံးကျွတ် လာရောက်ပူဇော်ခဲ့ကြကြောင်းလည်း သိရသည်။

ဆရာတော်ကြီးသည် ပျံလွန်တော်မူချိန်၌ သက်တော် (၇၈) နှစ် သိက္ခာတော် (၅၈) ဝါရှိပြီဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here