ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းပွဲများ ကျင်းပပြုလုပ်

0
49

နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်ရန် ကိုယ်တိုင်စာရင်းပေးသွင်းကာ သင်တန်းတက်ရောက်ခဲ့သည်ဆိုသည့် ပြည်သူ့ စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းပွဲများ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ယမန်နေ့ ဇွန်လ (၂၇) ရက် ၊ နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံ သင်တန်းကျောင်းအသီးသီးတွင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သင်တန်းဆင်းပွဲသို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁) ကို ၂၀၂၄ ခုနှစ် ဧပြီလ (၈) ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး စစ်ရေးပြဘာသာရပ်၊ ခြေလျင်လက်နက်ငယ်ဘာသာရပ်၊ စစ်နည်းဗျူဟာ ဘာသာရပ်၊ အထူးစစ်နည်းဗျူဟာ ၊ စစ်ဘက်ရေးရာလုံခြုံရေး၊ ချေမှုန်းရေးလေ့ကျင့်ခန်းများလေ့ကျင့်သင်ကြားခဲ့ကြကြောင်း သိရသည်။

သက်ဆိုင်ရာ သင်တန်းကျောင်းအုပ်ကြီးများက စံပြတပ်သားဆု၊ စစ်ရေးပြထူးချွန်ဆု၊ လက်ဖြောင့်တပ်သားဆု၊ စစ်သည်တော်ကျင့်ဝတ်ဆု၊ မိုင်းကျွမ်းကျင်ဆု၊ တပ်စုတိုက်နည်းပထမဆု၊ အိပ်ဆောင်အကောင်းဆုံဆုရရှိသူများအား ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး သင်တန်းဆင်းအမှာစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲအခမ်းအနားအပြီးတွင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ ၊တိုင်းမှူးများနှင့် တာဝန်ရှိသူများက သင်တန်းဆင်းစစ်သည်များအား တွေ့ဆုံအမှာစကားပြောကြားကာ ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here