ရခိုင်ပြည်နယ်ရှိ မြို့(၃)မြို့ကို ကျန်းမာရေးစောင့်ရှောက်မှု ရပ်နားထားရကြောင်း နယ်စည်းမထားဆရာဝန်များအဖွဲ့ ထုတ်ပြန်

0
59

ရခိုင်ပြည်နယ်မြောက်ပိုင်း၏ လက်ရှိအခြေအနေများကြောင့် မြို့(၃)မြို့ကို ကျန်းမာရေးစောင့်ရှောက်မှု ရပ်နားထားရကြောင်း နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF)ကထုတ်ပြန်သည်။

အဆိုပါ မြို့များမှာ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များဖြစ်ကြပြီး နယ်စည်းမထားဆရာဝန်များအဖွဲ့(MSF)ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ရပ် နားထားရခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစ၍ ရခိုင်ပြည်နယ် အလယ်ပိုင်းနှင့် မြောက်ပိုင်းရှိ နေရာအများစု၌လည်း ပုံမှန် ကျန်းမာရေးဝန်ဆောင်မှုတွေ မပေးအပ်နိုင်တော့ကြောင်း သိရသည်။

သို့သော်လည်း အခြေအနေများ တိုးတက်မှုရှိလာသည်နှင့် တပြိုင်နက် လုပ်ငန်းများပြန်လည်စတင်နိုင်ရန်နှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ လူထုနှင့် လူနာများအတွက် လိုအပ်သည့် လူသားချင်းစာနာမှု အထောက်အပံ့များ ပေးအပ်ရန် ကတိကဝတ်ကို ဆက်လက်ထားရှိဆဲ ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

MSF သည် ရခိုင်ပြည်နယ် မြောက်ပိုင်း၌ ရွေ့လျားဆေးခန်း (၁၄)ခု ဖွင့်လှစ်နိုင်ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့နိုင်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ – MSF Myanmar


LEAVE A REPLY

Please enter your comment!
Please enter your name here