ပုံးခွံစျေးတက်၍ မုံရွာမြို့ရှိ ဆီရောင်းသူများ ဆီသားသီးသန့်ရောင်းချမှုများလာ

0
47

စားသုံးဆီထည့်သည့် ပုံးခွန်ဈေးများ အဆမတန်စျေးတက်နေသည့်အတွက် မုံရွာမြို့ရှိ ဆီရောင်းသူများအနေဖြင့် ဆီသားသီးသန့်ကို ကတ္တားဖြင့်ချိန်၍သာ ရောင်းချမှုများလာကြောင်း သိရသည်။

“အရင်က (၁၀)ပိသာ ပုံးခွံတစ်ခွံ (၇၅၀၀)ကျပ်ပဲ လောက်ရှိတာ။ အခုတစ်သောင်းကျော် ဖြစ်သွားတယ်။ အခုဆီရောင်းရင် ပုံးခွံယူလာခဲ့ဖို့ ကြော်ငြာရောင်းနေရတယ်။ မြေပဲဆီ၊နေကြာဆီစျေးတွေလည်း အခုချိန်က တက်နေတယ်”ဟု မုံရွာမြို့ရှိ ဆီရောင်းချသူတစ်ဦးက ပြောသည်။

လက်ရှိ စားသုံးဆီအရောင်းဆိုင်များနှင့် အွန်လိုင်းမှ အိမ်အရောက်ပို့ရောင်းချနေသူများသည် ပါကင်ပိတ်ဗူးဖြင့် မြေပဲဆီတစ်ပိသာ ကျပ် ၁၆၀၀၀၊ နေကြာဆီ တစ်ပိသာ ကျပ် ၁၅ ၀၀၀ ဖြင့်ရောင်းချနေပြီး ပုံးမပါဘဲ ဆီသားချည်းရောင်းရာတွင် မြေပဲဆီတစ်ပိသာ ကျပ် ၁၅၀၀၀၊ နေကြာဆီတစ်ပိသာ ကျပ် ၁၄၀၀၀ စျေးဖြင့် ရောင်းချပေးနေကြောင်းသိရသည်။

“အခုကတော့ စားအုန်းဆီစျေးကလည်း မြေပဲဆီ၊ နေကြာဆီစျေးနဲ့ အတူတူပဲဆိုတော့ စားအုန်းဆီ ဝယ်မသုံးဖြစ်ဘူး။ မြေပဲဆီအသုံးများတယ်။ နှမ်းဆီကတော့ ခါးလို့မသုံးဖြစ်တာကြာပြီ။ ဆီစက်နဲ့ နီးနေတော့ ကိုယ့်ပုံးနဲ့ကိုယ် ဆီသားချည်းသွားဝယ်လိုက်တယ်။ ဆီစက်စျေးက အပြင်စျေးထက်သက်သာတယ်။ စက်ကျတိုက်ရိုက်ဆီလည်းရတယ်။ တစ်ပိသာတစ်ထောင်လောက် သက်သာလည်းမနည်းဘူးလေ”ဟု မုံရွာစက်မှုဇုန်မှ အိမ်ရှင်မတစ်ဦးက ပြောသည်။

မုံရွာမြို့ရှိဆီစက်များတွင် မြေပဲဆီကိုသာအဓိကထားကြိတ်နေပြီး နယ်မြေအခြေအနေ၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲနေသောကြောင့် နေကြာကုန်ကြမ်းရရှိမှုနည်းနေကာ စျေးအမြင့်ဖြင့်ရောင်းချနေကြရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here