ဇူလိုင်လမှစတင်၍ ရိုးရိုးဒီဇယ်ဆီ(500ppm)ကို အပြာရောင်ဖြင့် ဖြန့်ဖြူးရန် စီစဉ်နေ

0
82

သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးသည့် ရိုးရိုးဒီဇယ်ဆီ(500ppm)ကို အများပြည်သူအလွယ်တကူ ကွဲပြားခြားနားစွာ သိရှိဝယ်ယူသုံးစွဲနိုင်စေရန်အတွက် အပြာရောင်ဖြင့် ဖြန့်ဖြူးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီသည် အများပြည်သူ အလွယ်တကူကွဲပြားခြားနားစွာ သိရှိဝယ်ယူသုံးစွဲနိုင်စေရန်အတွက် ပြည်ပမှတင်သွင်းပြီး ပြည်တွင်းတွင် ပြန်လည်ဖြန့်ဖြူးရောင်းချလျက်ရှိသော စက်သုံးဆီများအနက်မှ စက်သုံးဆီအရောင်းဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးသည့် ရိုးရိုးဒီဇယ်ဆီ(500ppm)ကို အပြာရောင်ဖြင့် လာမည့်ဇူလိုင်လဆန်းပိုင်းမှစ၍ ဈေးကွက်အတွင်းသို့ဖြန့်ဖြူးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ယခုတစ်ပါတ်တွင်လည်း ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ ထပ်မံမြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ ဈေးနှုန်းများအရ သိရသည်။

ယနေ့ ဇွန်လ ၂၈ ရက်တွင် စက်သုံးဆီဆိုင်များတွင် ရောင်းချလျက်ရှိသည့် ဈေးနှုန်းများအရ ၉၂ တစ်လီတာ ၂၆၅၅ ကျပ်၊ ၉၅ တစ်လီတာ ၂၇၉၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၄၆၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၈၉၅ ကျပ် ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here