တိုင်းရင်းဆေးများကို ခေတ်မှီနည်းပညာများသုံး၍ အရည်အသွေး မြှင့်တင်မည်

0
69

တိုင်းရင်းဆေးများကို ခေတ်မီနည်းပညာများသုံး၍ ဆေးဝါးများ၏ အရည်အသွေး၊ ထိရောက်မှု၊ ဘေးကင်းလုံခြုံစိတ်ချရမှုနှင့် သုံးစွဲနိုင်မှုတို့ကို မြှင့်တင်မည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ပြောသည်။

ဇွန် (၂၆)ရက်က ပြုလုပ်သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအဖွဲ့ဝင်များ၏ ကျန်းမာရေးဝန်ကြီးများအဆင့် အစည်းအဝေးနှင့် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာညီလာခံသို့ တက်ရောက်စဉ် ထိုကဲ့သို့ပြောကြားခြင်း ဖြစ်သည်။

ထို့ပြင် တိုင်းရင်းဆေးပညာ၏ မူပိုင်ခွင့်ဆိုင်ရာ စံသတ်မှတ်ခြင်းအတွက် လုပ်ငန်းဆောင်ရွက်ခြင်းသည် အရေးကြီးကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောသည်။

ထိုနည်းတူ ကျင်းပပြုလုပ်ခဲ့သည့် ညီလာခံတွင် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူနိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများအကြား တိုင်းရင်းဆေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြန်အလှန် နားလည်ယုံကြည်မှု၊ တီထွင်ဆန်းသစ်မှုများဖြင့် ပိုမိုပူးပေါင်းဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

ထိုညီလာခံ ဖွင့်ပွဲအခမ်းအနားကို တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ ကျန်းရှီးပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် ကျန်းရှီးပြည်နယ် ပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီ ဒုတိယအတွင်းရေးမှူး Ye Jian-chun တို့က ညီလာခံကို ဖွင့်လှစ်ပေးကြပြီး ကျန်းရှီးပြည်နယ် ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌနှင့် ကျန်းရှီး ပြည်နယ်ကော်မတီအတွင်းရေးမှူး Yin Hong က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here