မြန်မာ – အိန္ဒိယ နှစ်နိုင်ငံအကြား ဗုဒ္ဓဘာသာဘုရားဖူး ခရီးသွားလာမှုများ မြှင့်တင်ရေးနှင့် မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍ၌ ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်

0
47

ဗုဒ္ဓဘာသာ ဘုရားဖူးခရီးသွားလာမှုမြှင့်တင်ရေးအတွက် ကျင်းပပြုလုပ်သည့် BODHI YATRA အခမ်းအနားတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ဗုဒ္ဓဘာသာဘုရားဖူး ခရီးသွားလာမှုများ မြှင့်တင်ရေး မြန်မာနိုင်ငံ၏ ခရီးသွားလာမှုကဏ္ဍ၌ ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ဆွေးနွေးခဲ့ကြောင်းနိုင်ငံခြားရေး ဝန်ကြီးဌာနထုတ်ပြန်ချက်အရ သိရသည်။

ဗုဒ္ဓဘာသာ ဘုရားဖူးခရီးသွားလာမှု မြှင့်တင်ရေးအတွက် BODHI YATRA အခမ်းအနားကို ဥတ္တာပရာဒေ့ရှ်ပြည်နယ်၊ ခရီးသွားလာမှုဌာနက ကြီးမှူး၍ ဇွန် (၂၈)ရက်၊ ညနေ (၆) နာရီက နယူးဒေလီမြို့၊ The Ashok ဟိုတယ်၌ ကျင်းပရာ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင် တက်ရောက်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ အိန္ဒိယနိုင်ငံ၊ ခရီးသွားလာမှုနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Shri Gajendra Singh Shekhawat၊ ဥတ္တာပရာဒေ့ရှ်ပြည်နယ် ခရီးသွားလာမှုနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနဝန်ကြီးနှင့် စင်္ကာပူ၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် မွန်ဂိုလီးယားနိုင်ငံတို့မှ သံအမတ်ကြီးများအပါအဝင် နိုင်ငံပေါင်း (၂၈) နိုင်ငံမှ သံတမန်အရာရှိကြီးများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အရာရှိကြီးများနှင့်ဖိတ်ကြားထားသော ဆရာတော်၊ သံဃာတော်များ စုစုပေါင်း (၁၅၀) ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတက်ရောက်လာသည့် သံအမတ်ကြီးများက ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် အလားအလာများကို အသီးသီး ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သံအမတ်ကြီး ဦးမိုးကျော်အောင်ကလည်း နှစ်နိုင်ငံအကြား ဗုဒ္ဓဘာသာဘုရားဖူး ခရီးသွားလာမှုများ မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်ရန်နှင့် မြန်မာနိုင်ငံ၏ ခရီးသွားလာမှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လာရောက်ဆောင်ရွက်ကြရန်တို့ကို ဖိတ်ခေါ်ဆွေးနွေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here