ပင်လယ်နီနှင့် မြေထဲပင်လယ်ထဲတွင် စီးပွားရေးသင်္ဘောလေးစင်းကို တိုက်ခိုက်ခဲ့ဟု ဟူသီတို့ဆို

0
59

ပင်လယ်နီနှင့် မြေထဲပင်လယ်ထဲရှိ စီးပွားရေး သင်္ဘောလေးစင်းကို တိုက်ခိုက်ခဲ့ကြောင်း ဟူသီလှုပ်ရှားမှု၏ စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ Yahya Sarea က ပြောကြားခဲ့သည်။

Sarea ၏ အဆိုအရ အီရတ်ရှိ ဟူသီများနှင့် အစ္စလာမ္မစ် တော်လှန်ရေး တပ်ဖွဲ့များသည် မြေထဲပင်လယ်ကိုဖြတ်၍ အစ္စရေးနိုင်ငံ ဟိုင်ဖာဆိပ်ကမ်းဆီသို့ ဦးတည်သွားနေသည့် Waler ရေနံတင်သင်္ဘောကို တိုက်ခိုက်ခဲ့သည်။ သိမ်းပိုက်ထားသော ပါလက်စတိုင်းရှိ ဆိပ်ကမ်းများသို့ ဖြတ်သန်းသွားလာခွင့် တားမြစ်ချက်ကို ချိုးဖောက်သည့်အတွက် အဆိုပါ သင်္ဘောအား တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဟူသီပိုင် Al Masirah ရုပ်သံလိုင်းသို့ ပြောကြားခဲ့သည်။

ထို့အပြင်၊ ဟူသီတို့ သည် မြေထဲပင်လယ်တွင်းရှိ Johannes Maersk ကွန်တိန်နာတင်သင်္ဘောနှင့် Delonix ဓာတုအရည်များသယ်ဆောင်သည့် ကုန်တင်သင်္ဘောတို့အပြင် ပင်လယ်နီထဲရှိ Ioannis ကုန်တင်သင်္ဘောတစ်စင်းတို့ကိုလည်းတိုက်ခိုက်ခဲ့ကြောင်းဆိုသည်။ ယင်းသင်္ဘောများကို မောင်းသူမဲ့လေယာဉ်များနှင့် မြေပြင်မှဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ရကြောင်း Yahya Sarea က ထပ်လောင်း ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here