ဆလင်းဒီရွန်က ဆေးသုတေသနလုပ်ရန် ဒေါ်လာ ၂ သန်းလှူဒါန်း

0
61

ကနေဒါနိုင်ငံသူ ကမ္ဘာကျော်တိုင်တန်းနစ်ရုပ်ရှင်ကား၌ ဇာတ်ဝင်တေးသီချင်းကို သီဆိုသူ ဆလင်းဒီရွန်သည် ဆေးသုတေသနပြုလုပ်နိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ၂ သန်းလှူဒါန်းခဲ့ကြောင်းသိရသည်။

ဒီရွန်သည် ကော်လိုရာဒိုပြည်နယ်ရှိ Anschutz ဆေးဘက်ဆိုင်ရာသုတေသနတက္ကသိုလ်သို့ ဒေါ်လာ ၂ သန်း လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ၎င်းကိုယ်တိုင်ကြုံတွေ့ခံစားနေရသော ကြွက်သားများ တောင့်တင်းမှု ရောဂါအတွက် သုတေသနပြုလုပ်ကုသနိုင်ရန် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။

ဒီရွန်ကိုယ်တိုင်လည်း အဆိုပါဆေးတက္ကသိုလ်မှ ဆရာဝန်တစ်ဦးထံတွင် ကုသမှုခံယူနေရခြင်းဖြစ်သည်။

“ဆေးပညာနယ်ပယ်ကို ရှေ့တက်နိုင်စေဖို့အတွက် ဒီလိုအသိအမှတ်ပြုလှူဒါန်းမှုကို လက်ခံခဲ့ရတဲ့အတွက် အလွန်ဂုဏ်ယူမိပါတယ်၊ သူ့ရောဂါဟာအော်တိုအင်န်မြွန်း အာရုံကြောဆိုင်ရာရောဂါဖြစ်ပြီး၊ ကြွက်သားများကျုံ့သွားခြင်းနှင့်တောင့်တင်းခြင်းစတဲ့ လက္ခဏာ‌တွေရှိပါတယ်” ဟုလည်း အဆိုပါဆရာဝန်ကပြောကြားခဲ့သည်။

“ဆလင်းကို ကောင်းမွန်တဲ့ကုသမှုကို ခံယူ‌စေပြီး ရောဂါလက္ခဏာတွေကို ကောင်းကောင်းထိန်းချုပ်နိုင်အောင်ကြိုးစားလုပ်ဆောင်ခဲ့ပါတယ်။ဒီရောဂါအတွက် FDA က ထောက်ခံအသိအမှတ်ပြုထားတဲ့ ဆေးဝါးတွေမရှိသေးပါဘူး၊ဒါကြောင့် ကာကွယ်ဆေး ထိုးခြင်း နဲ့ ရောဂါလက္ခဏာကုထုံးတွေကိုပဲအသုံးပြုကုသလေ့ရှိပါတယ်” ဟုလည်း ၎င်း၏ဆရာဝန်ကပြောကြားခဲ့သည်။

ဆလင်း၏ ယခုလိုလှူဒန်းရသည့်ရည်ရွယ်ချက်မှာ ၎င်းကိုယ်တိုင်ခံစားနေရသည့် ရောဂါနှင့်ပတ်သက်ပြီး ကျန်သူများအား ပိုမိုသတိထားမိလာစေရန်နှင့် ကုသနိုင်သည့်ဆေးဝါးများ ပေါ်ပေါက်လာစေရန်ရည်ရွယ်ခြင်းလည်းဖြစ်သည်ဟုသိရသည်။

Source : KOHA


LEAVE A REPLY

Please enter your comment!
Please enter your name here