ဖိလစ်ပိုင်ကိုပံ့ပိုးကာတရုတ်ကို ရန်စခြင်းအား ရပ်တန့်ရန် အမေရိကန်ကို တရုတ်ပြော

0
60

ပေကျင်း၊ဇွန် ၂၈

အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကမ်းဘဲလ်က ပေကျင်း၏ တောင်တရုတ်ပင်လယ်အတွင်း၌ မတည်ငြိမ်စေသည့်လုပ်ရပ်များကိုစိုးရိမ်မကင်းဖြစ်မိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ဖိလစ်ပိုင်ကိုပံ့ပိုးပေးကာ ရန်စနေခြင်းကို ရပ်တန့်ရန် တရုတ်က အမေရိက ကို တိုက်တွန်းခဲ့ကြောင်းသိရသည်။

တရုတ်နှင့်ဖိလစ်ပိုင်တို့သည် ပိုင်ဆိုင်မှု အငြင်းပွားနေသော တောင်တရုတ်ပင်လယ်ရေပိုင်နက် နှင့်ပတ်သက်၍ ဆက်ဆံရေး တင်းမာလာခဲ့သည်။

“အမေရိကန်ပြည်ထောင်စုအနေနဲ့ ဖိလစ်ပိုင်ရဲ့ရန်စမှုတွေနဲ့ အနှောင့်အယှက်တွေကိုရပ်တန့်အောင်လုပ်ပြီး တောင်တရုတ်ပင်လယ်က ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကိုအကာအကွယ်ပေးဖို့ လက်တွေ့ကျတဲ့လုပ်ရပ်တွေကိုလုပ်ဆောင်သင့်ပါတယ်” ဟုလည်း တရုတ်နိုင်ငံခြားရေးဌာနပြောရေးဆိုခွင့်ရှိသူ မော်နင်ကပြောကြားခဲ့သည်။

မကြာခင်ကာလကလည်း အမေရိကန်နိုင်ငံ‌တော်လုံခြုံရေးအကြံပေး ဂျိတ်ခ်ဆူလဗန်နှင့် ဖိလစ်ပိုင်နိုင်ငံငံလုံခြုံရေးအကြံပေး Eduardo Ano တို့သည် တရုတ်၏ အန္တရာယ်များသည့် အရှိန်မြှင့်လုပ်ဆောင်မှုများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသေးကြောင်းသိရသည်။

ထို့ပြင် ဖိလစ်ပိုင်လုံခြုံရေးအတွက် အမေရိကန်က ၎င်း၏ ကတိကဝတ်ကိုလည်း ထပ်မံအတည်ပြုခဲ့ကြောင်း အိမ်ဖြူတော်၏ထုတ်ပြန်ချက်၌‌ ဖော်ပြထားခဲ့သည်။

တရုတ်သည် တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ၎င်း၏ပိုင်နက်အဖြစ် အခိုင်အမာတောင်းဆိုထားရာ ဘရူနိုင်း၊အင်ဒိုနီးရှား၊မလေးရှား၊ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့၏ ရေပိုင်နက်များပါဝင်နေသဖြင့် အငြင်းပွားမှုများ ဖြစ်ပေါ်လာရခြင်းလည်းဖြစ်သည်။

Source : ရိုက်တာ/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here