ASEAN U-16 Boys Championship 2024 မြန်မာအသင်း အုပ်စုအဆင့် သုံးပွဲကစား တစ်ပွဲနိုင် ရလဒ်ထွက်ပေါ်

0
43

အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပပြုလုပ်နေသည့် ASEAN U-16 Boys Championship 2024 ပြိုင်ပွဲတွင် မြန်မာအသင်းအနေဖြင့် အုပ်စုအဆင့် သုံးပွဲယှဉ်ပြိုင်ကစားခဲ့ရာ နှစ်ပွဲရှုံး တစ်ပွဲနိုင် ရလဒ်ထွက်ပေါ်ထားသည်။

အုပ်စုအဆင့်ယှဉ်ပြိုင်မှုတွင် မြန်မာအသင်းအနေဖြင့် ကမ္ဘောဒီးယားအသင်းအား(၂)ဂိုး(၁)ဂိုးဖြင့် ရှုံးနိမ့်ထားပြီး ၊ ဘရူနိုင်းအသင်းအား (၈)ဂိုး(၁)ဂိုးဖြင့် အနိုင်ရရှိထားသည်။

သို့သော် ဇွန်(၂၈)ရက်က ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်မှုတွင် (၅)ဂိုး(၁)ဂိုးဖြင့် ရှူံးနိမ့်ခဲ့ရသည်။

လက်ရှိတွင် အုပ်စုအဆင့် ယှဉ်ပြိုင်မှုများပြီးဆုံးသွားပြီဖြစ်ကာ မြန်မာအသင်းအနေဖြင့် မည်သည့် အုပ်စုတွင်းအသင်းများဖြင့် ထိပ်တိုက်တွေ့သွားမည့်အခြေအနေအား MFFက အသိပေးထားခြင်းမရှိသေးပေ။

ပြိုင်ပွဲတွင် အုပ်စုသုံးစုခွဲ ယှဉ်ပြိုင်ကစား‌နေခြင်းဖြစ်ပြီး အုပ်စုတစ်ခုစီမှ အုပ်စု ပထမရသော အသင်း သုံးသင်းနှင့် အကောင်းဆုံး အုပ်စု ဒုတိယရသော အသင်းတစ်သင်း၊ စုစုပေါင်း အသင်းလေးသင်း ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်ကစားသွားရမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here