သန်လျင်တံတား ချဉ်းကပ်လမ်းမကြီးတွင် YBS (၂)စီး တိုက်မိရာ လမ်းဖြတ်ကူးသူ အမျိုးသားအသက်ဆုံးရှုံးခဲ့ရပြီး (၃)ဦး ထိခိုက်ဒဏ်ရာရ

0
52

ရန်ကုန်တိုင်း ဒေသကြီး၊ သာကေတမြို့နယ်၊ သန်လျင်တံတားချဉ်းကပ်လမ်းမကြီး (၁၀၈)တောင် မှတ်တိုင်အနီးတွင် ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ခရီးသည်တင် YBS (၂)စီး တိုက်မိမှု ဖြစ်ပွားရာ လမ်းဖြတ်ကူးသူ အမျိုးသား အသက်ဆုံးရှုံးခဲ့ရပြီး (၃)ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အနီးနားဝန်းကျင်ရှိ ဒေသခံများထံမှ သိရသည်။

ဇွန် (၂၉)ရက်၊ ညနေ (၄)နာရီ မိနစ်(၂၀)ခန့်က ခရီးသည်တင် YBS (၂)စီး ဆင့်တိုက်မှုဖြစ်ပွားကြောင်း ပြည်သူများမှ အကြောင်းကြားလာသဖြင့် သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့မှ အချိန်နှင့် တပြေးညီ ထွက်ခွာခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ YBS (၂)စီးမှာ အရှိန်လွန်တိုက်မိခဲ့ခြင်းဖြစ်ကာ တစ်စီးမှာ လမ်းဖြတ်ကူးသူ တစ်ဦးကို တိုက်မိခဲ့ပြီး ကျန်တစ်စီးမှာ အနီးနားဝန်းကျင်ရှိ နေအိမ်နှင့် လှည်းတို့ကို ထပ်မံဝင်ရောက်တိုက်မိခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။

ဖြစ်စဉ်ကြောင့် ခရီးသည်တင် ယာဉ်တစ်စီးပေါ်မှ အသက် (၅၀)ဝန်းကျင်ခန့် အမျိုးသမီး တစ်ဦးနှင့် အသက်(၁၁)နှစ်ခန့် အမျိုးသမီးငယ်တစ်ဦး၊ ခရီးသည်တင်ယာဉ် ယာဉ်မောင်းတစ်ဦးတို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

၎င်းတို့အား သာကေတမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ မိတ်ဖက်ပရဟိတအသင်းများနှင့်ပူးပေါင်းကာ မြေပြင်ကုသမှုပေးပြီး ဖြူစင်မေတ္တာ-အောင်ရတနာ လူမှုကူညီရေးအသင်းလူနာတင်ယာဉ်ဖြင့် ရန်ကုန်ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အသက်ဆုံးရှုံးသွားသော လမ်းဖြတ်ကူးသူ အသက် (၄၀) ဝန်းကျင်ခန့် အမျိုးသား(ခါးနှင့် ဦးခေါင်းဒဏ်ရာရ)၏ ရုပ်အလေ-ာင်း(စုံစမ်းဆဲ)အား သာကေတမြို့နယ်နာရေးကူညီမှုယာ ဉ်(001)ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here