မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်နမိတ်ဆိုင်ရာကိစ္စရပ်များနှင့် မူးယစ်ဆေးဝါး တားဆီရေးကိစ္စများဆွေးနွေး

0
35

(၃၆) ကြိမ်မြောက် မြန်မာ – ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေးတွင် နယ်စပ်ဒေသပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ အပါအဝင် အခြားကိစ္စရပ်များအား ကဏ္ဍ အလိုက်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်သည့် (၃၆) ကြိမ်မြောက် မြန်မာ – ထိုင်းဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ဇွန် (၂၈) ရက် နံနက်ပိုင်းက မြိတ်မြို့ရှိ ပုလဲသန္တာဟိုတယ်၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

ယင်းဆွေးနွေးပွဲသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေ၊ ဒုတိယခေါင်းဆောင် ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ထိုင်းနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် Lt.Gen. Prasan Saengsirirak နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါ (၃၆) ကြိမ်မြောက် မြန်မာ – ထိုင်းဒေသဆိုင်ရာ ကော်မတီအစည်းအဝေးတွင် ယုံကြည်မှုတည်ဆောက်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ နယ်စပ်ဒေသပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်နိမိတ်ဆိုင်ရာ ကိစ္စရပ်များ၊ နယ်စပ်ဒေသဆိုင်ရာ ကိစ္စရပ်များနှင့် အခြားကိစ္စရပ်များအား ကဏ္ဍအလိုက် အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အစည်းအဝေးဒုတိယနေ့ကို ဇွန်လ (၂၉) ရက် နံနက်ပိုင်းတွင် ဆက်လက်ကျင်းပခဲ့ပြီး နှစ်နိုင်ငံကိုယ်စားလှယ်ခေါင်းဆောင်များက (၃၆) ကြိမ်မြောက် မြန်မာ-ထိုင်းဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေး သဘောတူညီချက်များအား အတည်ပြုလက်မှတ်ရေးထိုး၍ အပြန်အလှန်လဲလှယ်ကြကာ အမှာစကားများ ပြောကြားခဲ့ကြကြောင်း သိရသည်။

ထို့ပြင် (၃၆) ကြိမ်မြောက် မြန်မာ – ထိုင်း ဒေသဆိုင်ရာနယ်ခြားကော်မတီအစည်းအဝေးကို တက်ရောက်လာကြသည့် ထိုင်းကိုယ်စားလှယ်အဖွဲ့ များသည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် မြိတ်မြို့ရှိ တန်ခိုးကြီးဘုရားစေတီများအား သွားရောက်ဖူးမြော်ခြင်း၊ အခြားအထင်ကရနေရာများအား သွားရောက်လေ့လာခြင်းများ လုပ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here