နီပေါမှာ မြေပြိုမှုဖြစ်လို့ ကလေး သုံးဦး အပါအဝင် ကိုးဦး သေဆုံး

0
45

နီပေါနိုင်ငံ အနောက်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ရာမှ ကလေးငယ် သုံးဦး အပါအဝင် လူ ကိုးဦး သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတစ်ဦးက စနေနေ့(ဇွန် ၂၉) မှာ ပြောဆိုပါတယ်။

မြို့တော် ခတ္တမန္ဒူအနောက်ဘက် ၁၅၆ မိုင်အကွာ ဂူလ်မီခရိုင်ရှိ ကျေးရွာတစ်ရွာမှာ အိပ်ပျော်နေတဲ့ မိသားစုငါးဦးရှိနေရာ နေအိမ်ဟာ မြေပြိုမှုအတွင်း ပါသွားခဲ့တယ်လို့ အမျိုးသားသဘာဝဘေး ကယ်ဆယ်ရေးနဲ့ လျော့ကျရေး စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီဇန် ဘာတာရီ ပြောဆိုပါတယ်။

ယင်းမိသားစုငါးဦးရဲ့ ရုပ်အလောင်းတွေကို ပြန်တွေ့ရှိခဲ့ပြီး ကလေးနှစ်ဦး ပါဝင်ခဲ့တယ်လို့ ဘာတာရီက ဆက်လက် ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အိမ်နီးချင်း ရှန်းဂျာခရိုင်မှာလည်း မြေပြိုမှုနောက် နေအိမ်နဲ့အတူ ပါသွားခဲ့တဲ့ အမျိုးသမီးတစ်ဦးနဲ့ သူမရဲ့ သုံးနှစ်အရွယ် သမီးဖြစ်သူတို့ သေဆုံးခဲ့သလို ဘာဂလန့်ခရိုင်မှာဖြစ်ခဲ့တဲ့ နောက်ထပ် မြေပြိုမှုဖြစ်စဉ်မှာလည်း လူ နှစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

မိုးရာသီစတင်ချိန် ဇွန်လလယ်ပိုင်းမှစကာ နီးပေါနိုင်ငံတစ်ဝန်း မြေပြိုမှုတွေ၊ ရေကြီးမှုတွေနဲ့ မိုးကြိုးပစ်မှုတွေကြောင့် သေဆုံးရသူ ၃၅ ဦးထက်မနည်း ရှိလာပြီလို့ သိရပါတယ်။ ပုံမှန်အားဖြင့် မိုးရွာသွန်းမှုတွေဟာ စက်တင်ဘာလလယ်ပိုင်းအထိ ရှိနေတတ်တယ်လို့ ဆိုပါတယ်။

တောင်တန်းထူထပ်တဲ့ နီပေါနိုင်ငံမှာ မိုးရွာသီအတွင်း မြေပြိုမှုနဲ့ ရေကြီးမှုတွေ ပုံမှန်လို ဖြစ်လေ့ရှိပြီး နှစ်စဉ် လူရာချီ သေဆုံးမှုရှိနေကြောင်း သိရပါတယ်။

Yahoo News


LEAVE A REPLY

Please enter your comment!
Please enter your name here