ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ ဆက်လက်အားကာင်းနေရာ တိုင်းနှင့် ပြည်နယ်အနှံ့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်

0
83

ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေဆက်လက်အားကာင်းနေသောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဇွန်လ (၃၀) ရက် နံနက်(၇) နာရီအချိန် ထုတ်ပြန်ချက်အရ သိရသည်။

ကပ္ပလီပင်လယ်ပြင်တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပြီး ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းနေရာ ယနေ့ညနေအထိ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုး/ဇလမှ ထုတ်ပြန်သည်။

ထို့ပြင် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်းပြည့် ဖြစ်သည်။

မိုးတိမ်တောင်ဖြစ်ပေါ်မှုအနေဖြင့် စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိကြောင်း မိုး/ဇလမှ ထုတ်ပြန်သည်။

နောက်(၂)ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဆက်လက်၍ မိုးပိုနေဦးမည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော်၊ ရန်ကုန်၊ အနီးတစ်ဝိုက် ယနေ့ညနေအထိ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်း ပြည့်ဖြစ်ကာ မန္တလေးမြို့နှင့်အနီးတစ်ဝိုက် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်း (၆၀) ဖြစ်ကြောင်း မိုး/ဇလမှ ထုတ်ပြန်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here