ကျောက်မဲမြို့တိုက်ပွဲ ပြန်လည်ငြိမ်သက်နေပြီး မြို့တွင်း၌ ဈေးဝယ်သူများနှင့် ပြန်လည်စည်ကားနေဟုဆို

0
117

ကျောက်မဲမြို့အတွင်း ယမန်နေ့ ညနေပိုင်းမှစ၍ ယနေ့ ဇွန် (၃၀)ရက် နံနက်ပိုင်းအချိန်အထိ တိုက်ပွဲများ ပြန်လည်ငြိမ်သက်လျက်ရှိသည့်အတွက် မြို့တွင်းဈေးဝယ်သူများနှင့် ပြန်လည်စည်ကားလာကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ယနေ့ နံနက်ပိုင်းတွင် ကျောက်မဲမြို့မဈေးနှင့် အခွန်လွတ်ဈေးတို့ ဖွင့်လှစ်ခြင်းမရှိသေးသော်လည်း ‌အပြင်ဈေးတန်းများတွင် ရောင်းသူဝယ်သူများ စည်ကားလျှက်ရှိကြောင်း သိရသည်။

“တိုက်ပွဲက မနေ့က ညနေပိုင်းတည်းက အခုမနက်အထိ ယာယီငြိမ်နေတာပေါ့နော်။ အခုက တိုက်ပွဲဘယ်အချိန်ဖြစ်လာမယ်မှန်းမသိတော့ ဈေးကိုဝယ်ထားကြတာတွေ၊ အချို့ နာ တာရှည်ရောဂါအတွက် ဆေးဝယ်ထားတာမျိုးတွေရှိတယ်။ အဓိက လောင်စာဆီပြဿနာ စနေပြီ။ လောင်စာဆီပြတ်နေလို့ အကန့်အသတ်နဲ့ ရောင်းပေးနေတာမျိုးတွေရှိတယ်”ဟု ၎င်း က ပြောသည်။

လက်ရှိတွင် ကျောက်မဲမြို့အတွင်း လျှပ်စစ်မီးပြတ်တောက်နေခြင်းအတွက် ‌လောင်စာဆီအရောင်းဆိုင်များတွင် တန်းစီဝယ်ယူနေကြရသည့်အပြင် ရေတင်ခြင်း ၊ ဖုန်းအားသွင်းခြင်းနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ အားသွင်းမှုအခက်ကြုံနေရကြောင်း သိရသည်။

ယင်းအတွက် နီးစပ်ရာ ကူညီဆောင်ရွက်ပေးနေသော ဆိုင်များ၊နေအိမ်များတွင် အလှည့်ကျအားသွင်းမှုများ လုပ်ဆောင်နေကြရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here