တောင်ဥက္ကလာပတွင် ယာဉ်တိုက်မှု တစ်ခုကြောင့် အမျိုးသမီး (၁)ဦး အသက်ဆုံးရှုံးခဲ့ရပြီး အမျိုးသား (၁)ဦးနှင့် က–လေ–း (၁)ဦး ထိခိုက်ဒဏ်ရာရ

0
251

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ် ဝေဇယန္တာလမ်းနှင့် မေတ္တာလမ်းထောင့် City Mart အနီးတွင် ယာဉ်တိုက်မှု တစ်ခုဖြစ်ပွားပြီး အမျိုးသမီး (၁)ဦး အသက်ဆုံးရှုံးကာ အမျိုးသား (၁)ဦးနှင့် က–လေ–း (၁)ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အနီးနားဝန်းကျင်ရှိ ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ဇွန် (၂၉) ရက်၊ ည (၉)နာရီ (၁၅)မိနစ်အချိန်ခန့်က ဝေဇယန္တာလမ်းနှင့် မေတ္တာလမ်းထောင့်တွင် Light Truck ယာဉ်တစ်စီးက အကင်ဆိုင်မှ ထွက်လာသူများကို အရှိန်လွန် ဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နယ်မြေခံပရဟိတအသင်းများ သွားရောက်ကူညီခဲ့ကြကြောင်း သိရသည်။

” ကားက အကင်ဆိုင်က ထွက်လာတဲ့သူတွေကို ဝင်တိုက်တာ။ ရပ်ထားတဲ့ ကားကိုလည်း တိုက်မိသေးတယ်။ ကားသမားမောင်းပြေးလို့ ဝိုင်းလိုက်တာ မိသွားတယ်။ အုပ်ချုပ်ရေးမှူးက ကားသမားကို ဖမ်းထားတယ်လို့ ပြောတယ်”ဟု ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် အမျိုးသမီးတစ်ဦး အသက်ဆုံးရှုံးခဲ့ရကာ အမျိုးသားတစ်ဦးနှင့် အသက်(၈) နှစ်အရွယ် က–လေ–းတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ရပြီး ၎င်းတို့ကို နယ်မြေခံ ပရဟိတ အသင်းများမှ ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here