သင့်တင့်မျှတသော ရည်ညွှန်းဈေးနှုန်းများဖြင့် တစ်နိုင်ငံလုံးတွင် ဆန်များရောင်းချပေးနေဟု MRF ထုတ်ပြန်

0
47

သင့်တင့်မျှတသော ရည်ညွှန်းဈေးနှုန်းများနှင့်အညီ ရွှေဘိုပေါ်ဆန်းဆန်များ၊ ဧရာဝတီပေါ်ဆန်းဆန်များနှင့် ဧည့်မထဆန်များကို နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအပါအဝင် တစ်နိုင်ငံလုံးရှိ ဆန်စက်များ၊ ဆန်ဆိုင်များ၊ ဆန်ပွဲရုံများမှဆက်တိုက် ရောင်းချပေးလျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည်။

ထို့ပြင် ဈေးအရောင်းစင်တာများ၊ Super Market များ၊ Mini Mart များတွင်လည်း ရွှေဘိုပေါ်ဆန်းများ၊ ဧရာဝတီပေါ်ဆန်းများ၊ ဧည့်မထဆန်များအား Consumer Pack များဖြင့် ရည်ညွှန်း ဈေးနှုန်းများအတိုင်း ပြန်လည်ရောင်းချပေးလျက်ရှိပြီး ယခင်ကထက် ပို၍စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ပြီ ဖြစ်ကြောင်းလည်း အသိပေးထားသည်။

အသင်းချုပ်အစီအစဉ်ဖြင့် Good Rice & Good Price ပေါ်ဆန်းဆန်နှင့် ဧည့်မထဆန်များကို (၁၀)ကီလိုအိတ်၊ (၅)ကီလိုအိတ်များဖြင့် လက်လီဆိုင်များမှ တဆင့် ဈေးကွက်အတွင်းပေးပို့ရောင်းချလျက်ရှိပြီး မန္တလေးမြို့၊ နေပြည်တော်နှင့် မော်လမြိုင်မြို့တို့တွင်လည်း ရည်ညွှန်းသတ်မှတ်ဈေးများအတိုင်း Good Rice & Good Price ဆန်များကို ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။

ထို့ပြင် သင့်တင့်မျှတသော ရည်ညွှန်းဈေးနှုန်းများဖြင့်နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် အိမ်အရောက်ပို့ ဝန်ဆောင်မှုစနစ်ဖြင့် ဇူလိုင်လ(၁)ရက်မှစတင်၍ ဖြန့် ဖြူးရောင်းချသွားမည်ဖြစ်ရာ ရွှေဘိုပေါ်ဆန်း (၁၀၈)ပေါင်တစ်အိတ်လျင် (၁၅၂,၀၀ဝိ/-)ကျပ်၊ ဧရာဝတီပေါ်ဆန်း (၁၀ ၈) ပေါင်တစ်အိတ်လျင် (၁၃၀,၀၀ဝိ/-)ကျပ်နှင့် (၁၀)ကီလို တစ်အိတ်လျင် (၂၆,၅၀ဝိ/-) ကျပ်ဖြင့် ငွေလက်ခံပြီး ကြိုတင်ရောင်းချပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here