အောင်မင်္ဂလာ အဝေးပြေးကားဝင်းတွင် သိန်းထောင်နှင့်ချီတန်သည့် မူးယစ်ဆေးဝါးများ ထပ်မိပြန်

0
107

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်း အမျိုးသားတစ်ဦး မောင်းနှင်လာသော မော်တော်ယာဉ်ပေါ်မှ ကြိမ်ဆွဲခြင်းများအတွင်း မုန့်ထုပ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ငွေကျပ်သိန်း (၅၀၀ ၀) တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၅) သိန်း ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

အောင်မင်္ဂလာ အဝေးပြေးကားဝင်းတွင် ဆန်းပြည့်အောင် မောင်းနှင်လာသော TOYOTA SUCCEED မော်တော်ယာဉ်အား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ (၂၅) ရက်၊ နံနက် (၉) နာရီခွဲအချိန်က မူးယစ်ဆေးဝါးသတင်းအရ ရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ ရှာဖွေရာ ယာဉ်ပေါ်မှ ကြိမ်ဆွဲခြင်းများအတွင်း မုန့်ထုပ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ်သိန်း (၅၀၀၀) တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၅) သိန်း သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်သည်။

၎င်းအား စစ်ဆေးချက်အရ စိတ်ကြွရူးသွပ်ဆေးပြားများသယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်း ပါဝင်သည့် ညီညီ အား ယင်းနေ့ နံနက် (၁၀)နာရီအချိန်က မြောက်ဥက္ကလာပမြို့နယ် ၊ (ဌ)ရပ်ကွက်၊ သုဓမ္မာလမ်းတွင် ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် စိုးပိုင်(ခ)ကိုစိုး နှင့် မောင်မောင်ဌေးတို့အား မွန်းတည့် (၁၂) နာရီအချိန် မင်္ဂလာဒုံမြို့နယ်၊ရှမ်းစုရပ်ကွက်၊ပြည်လမ်းတွင် TOYOTA CORONA မော်တော်ယာဉ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွ ရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here