မြန်မာ့လက်ရွေးစင် ယူ ၁၉ အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်းတို့ ခြေစမ်းပွဲကစားရာ သရေရလဒ်ထွက်ပေါ်

0
41

AFF U-19 Boys Championship 2024 ပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် ယူ ၁၉ အသင်းအနေဖြင့် MNL Club ၏ အသင်းကြီးတစ်သင်းဖြစ်သည့် ဧရာဝတီယူနိုက်တက်နှင့် ခြေစမ်ပွဲကစားရာ သရေရလဒ်ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ခြေစမ်းပွဲကို ယမန်နေ့ ဇွန်(၂၉) ရက် ညနေပိုင်းက ဧရာဝတီယူနိုက်တက်အသင်း၏ ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်းအတွင်း ခြေစမ်းကစားခဲ့ကြခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင် ယူ ၁၉ အသင်းသည် တရုတ်နိုင်ငံတွင်လည်း ခြေစမ်းပွဲများသွားရောက် ကစားပြီးနောက် ပြည်တွင်းရှိ အင်အားကြီး MNL Club အသင်းများဖြင့် ခြေစမ်းကစားနေခြင်းဖြစ်သည်။

AFF U-19 Boys Championship 2024 ပြိုင်ပွဲအား ဇူလိုင်လအတွင် စတင်ကျင်းပတော့မည်ဖြစ်ပြီး အုပ်စုအဆင့်ကစားရမည့် အသင်းများ၏ စာရင်းများ အသိပေးထုတ်ပြန်သေးခြင်းမရှိပေ။

ယူ ၁၉ အသင်းသည် နိုင်ငံတကာ ပြိုင်ပွဲများအတွက် လေ့ကျင့်ပြင်ဆင်နေကာ ပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် MNL ကလပ် ဟံသာ၀တီယူနိုက်တက်၊ ရန်ကုန်ယူနိုက်တက်၊ ရှမ်းယူနိုက်တက် အသင်းတို့နှင့် ခြေစမ်းပွဲများ ယှဥ်ပြိုင်ကစားခဲ့ကြသေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here