ဖားကန့်ဥရုချောင်းအတွင်း ရေနစ်ပျောက်ဆုံးခဲ့သည့်လူင ယ်နှစ်ဦး၏အလောင်းပြန်တွေ့

0
63

ဖားကန့်မြို့၊ဆန်းကြွယ်ကျေးရွာ ကူးတို့ဆိပ်တွင် ရေဆင်းချိုးရာမှရေနစ်ပျောက် ဆုံးခဲ့သည့်လူငယ်နှစ်ဦး၏ ရုပ်အလောင်းများကိုပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီးမိသားစုထံ ပြန်လည်အပ်နှံခဲ့ကြောင်း ဒေသတွင်းလူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါလူငယ်နှစ်ဦးမှာ ဇွန်(၂၅)ရက်ညနေပိုင်းအချိန်တွင်ရေနစ်ပျောက်ဆုံးခြင်းဖြစ်ပြီး (၂)ရက်အကြာ ဇွန် (၂၇)ရက်တွင်ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

“အခုတော့ မိသားစုကို လွှဲပေးလိုက်ပါပြီ။ထုံးတမ်းစဉ်လာအရပဲ သူတို့သွားကြမှာပေါ့။ သူ့ဟာနဲ့သူ ဥတုချောင်းထဲကနေပြန်ပေါ်လာလို့ ဆယ်တင်လိုက်တာပါ”ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ခံတစ်ဦးက ပြောသည်။

ရေနစ်ပျောက်ဆုံးသူ နှစ်ဦးမှာအသက် (၁၈)နှစ်အရွယ် မောင်မြင့်မိုးမောင်နှင့် အသက် (၁၄)နှစ်အရွယ် မောင်စွမ်းသက်ပိုင်(ခ)တာတီးဆိုသူတို့ဖြစ်ပြီး ဆန်းကြွယ်ကျေးရွာတွင် နေ ထိုင်သူများဖြစ်ကြောင်း သိရသည်။

ဥရုချောင်းရေသည် မိုးရာသီရောက်ချိန်တွင် ရေစီးသန်လေ့ရှိပြီး ဒေသတွင် အယူအဆအရ နှစ်စဉ်လူစားလေ့ရှိသည်ဟုလည်း ၎င်းက ပြောသည်။

ဥရုချောင်းသည် ချင်းတွင်းမြစ်ဘက်သို့ စီးဝင်သည့် ချောင်းလက်တက်တစ်ခုဖြစ်ကာ လူသေအလောင်းမျောပါလာမှု၊ ရေနစ် ပျောက်ဆုံးမှုများ ဖြစ်ပွားလေ့ရှိကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here