သန်းခေါင်စာရင်း ကောက်ယူရာတွင် အဆင်ပြေစေနိုင်ရန် လုံခြုံရေး အခြေအနေများ ဆောင်ရွက်ပေးမည်

0
64

မကြာမီလပိုင်းအတွင်း ကောက်ယူတော့မည့် လူဦးရေသန်းခေါင်စာရင်းအတွက် ကောက်ယူရာတွင် အဆင်ပြေစေနိုင်ရန် လုံခြုံရေးအခြေအနေများ ကြိုတင်စီစဉ်ရမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောသည်။

သန်းခေါင်စာရင်းနှင့် အိမ်အကြောင်းအရာ ကောက်ယူရေးအတွက် ဇွန်လ(၂၈) ရက်က ပြုလုပ်သည့် မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှု ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက ထိုသို့ ပြောကြားခြင်းဖြစ်သည်။

ထို့ပြင် နိုင်ငံတစ်ဝန်း သန်းခေါင်စာရင်းကောက်ယူမည့်လုပ်ငန်းစဉ်ကို လာမည့် အောက်တိုဘာ (၁) ရက်မှ (၁၅) ရက်အထိ ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန် ကြီးက ဆိုသည်။

သန်းခေါင်းစာရင်း ကောက်ယူရာ၌ လိုအပ်ချက် ရှိလာပါကစာရင်းကောက်မည့်ရက် တိုးမြှင့်ကောက်ယူနိုင်ရေး ပြင်ဆင်ထားရန်လည်း ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းသည်။

ထိုကဲ့သို့ မြေပြင်ကွင်းဆင်းကောက်ယူခဲ့သည့် အချက်အလက်များကို တိုက်ဆိုင်ကာ အတည်ပြုလူဦးရေစာရင်း သတ်မှတ်၍ တိကျမှန်ကန်သော မဲစာရင်းအတွက် ပြုလုပ်ရမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားခဲ့ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတစ်ဝန်း သန်းခေါင်စာရင်းကောက်ယူသည့် လုပ်ငန်းစဉ်များပြီးဆုံးပါက ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပပေးနိုင်ရန် ရှိနေကြောင်း နစက ဥက္ကဋ္ဌက ဇွန် (၁၅) ရက်တွင် မိတ္ထီလာခရိုင်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံစဉ် ပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here