ဖီဖာ နိုင်ငံတကာ ခြေစမ်းပွဲ မြန်မာနှင့်အိန္ဒိယ လက်ရွေးစင်အမျိုးသမီးအသင်းတို့ ယခင်လျာထားရက်ထက် တစ်ရက် စော ကျင်းပမည်

0
58

ဖီဖာ နိုင်ငံတကာ ခြေစမ်းပွဲ မြန်မာနှင့်အိန္ဒိယ လက်ရွေးစင် အမျိုးသမီးအသင်းတို့၏ ပွဲစဉ်ကို ယခင်လျာထားရက်ထက် တစ်ရက် စော၍ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က အသိပေးထားသည်။

ယခင် လျာထားရက်မှာ ဇူလိုင်(၁၀)ရက်မှ (၁၃)ရက်အထိ လျာထားသော်လည်း ယခုအခါ ဇူလိုင်(၉)ရက် (၁၂)ရက် ကို အတည်ပြုသတ်မှတ်လိုက်ခြင်းဖြစ်သည်။

ပွဲစဉ် ရက်သတ်မှတ်ချက်အရ ဇူလိုင်(၉)ရက် ညနေ (၄)နာရီအချိန်နှင့် ဇူလိုင်(၁၂)ရက် ညနေ (၄)နာရီအချိန်တို့တွင် နှစ်ကျော့ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

ယင်း ပွဲစဉ်အတွက် မြန်မာအသင်းအနေဖြင့် ယခုလ ဇွန် (၁၆) ရက်မှ စတင်၍ လေ့ကျင့်မှုများ စတင် ပြုလုပ်လျှက်ရှိကြောင်းသိရသည်။

မြန်မာ့လက်‌ရွေးစင် အမျိုးသမီးအသင်းကို နည်းပြချုပ်အဖြစ် ဂျပန်လူမျိုး ယူကီတက်ဆုရိုက ကိုင်တွယ်လျက်ရှိပြီး လက်ရွေးစင်အသင်းများ အဆောင်တွင် ကစားသမား (၃၀) ဦးဖြင့် စခန်းသွင်း လေ့ကျင့်လျှက်ရှိသည်။

မြန်မာ့လက်‌ရွေးစင် အမျိုးသမီးအသင်းသည် ယခုနှစ်အတွင်း နိုင်ငံတကာ ခြေစမ်းပွဲများအပြင် ပြည်ပနိုင်ငံများသို့လည်း လေ့ကျင့်‌ရေး ခြေစမ်းခရီးစဉ်များ သွားရောက်ရန် စီစဉ်ထားကြောင်း သိရသည်။

ပဏာမ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းတွင် အတွေ့ အကြုံရှိ ကစားသမားများနှင့် အမျိုးသမီးလိဂ်ပြိုင်ပွဲတွင် ခြေစွမ်းပြကစားခဲ့သည့် လူငယ်ကစားသမားများကိုလည်း ထည့်သွင်း ရွေးချယ်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here