(၂)ရက်အတွင်း ငွေကျပ်သိန်း (၃၂၀၀)ကျော် တန်ဖိုးရှိ တရားမဝင် စက်သုံးဆီ၊ လူသုံးကုန်၊ စားသောက်ကုန်နှင့် လုပ်ငန်းသုံးပစ္စည်းများ ဖမ်းဆီးရမိ

0
94

ဇွန်လ (၂၇)ရက်နှင့် ဇွန် (၂၈)ရက်၊ (၂) ရက်အတွင်း ငွေကျပ်သိန်း (၃၂၀၀) ကျော် တန်ဖိုးရှိ တရားမဝင် စက်သုံးဆီများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ ဖမ်းဆီးရမိကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

ဇွန်လ (၂၇) ရက်တွင် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ စက်မှုဇုန်(၂)၊ မြတောင်ဝန်ကြီး ဦးမှိုလမ်း၊ အမှတ်(၂၃၁/ခ) ရှိ ဂိုဒေါင်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် Ultra Mild Cream Natural Moisturi zer အစိုဓါတ် ထိန်းဆေး ကီလိုဂရမ် (၆၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၀၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူထားကြောင်း သိရသည်။

ထို့ပြင် ဇွန် (၂၇) ရက်၌ပင် ပဲခူးတိုင်းဒေသကြီး၊ ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေးဂိတ်၌ မြိတ်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁) စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် Lactasoy ပဲနို့ (၁၂၀၀၀) ဘူး၊ မီးသွေးအိတ် (၁၃၅) အိတ် အပါအဝင် ကုန်ပစ္စည်း (၅) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅, ၇၉၄,၀၀၀) နှင့် ၎င်းပစ္စည်းများ တင်ဆောင်လာသည့် Hyudai County Bus (၁) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၇၉၄,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူထားသည်။

ထို့ပြင် ဇွန် (၂၈) ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ရတနာပုံတံတား (မန္တလေး) ပူးပေါင်းစစ်ဆေးရေးစခန်း၌ မော်တော်ယာဉ် (၁) စီးပေါ်မှ တရားမဝင် စက်သုံးဆီ ဒီဇယ်ဆီ (၇၈၂) ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၉,၀၂၄,၂၈၀) နှင့် ၎င်းစက်သုံးဆီများ တင်ဆောင်သည့် Nissan Diesel Truck (၁) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၉,၀၂၄,၂၈၀) ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့်ရေနံထွက် ပစ္စည်းဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူထားကြောင်း သိရသည်။

အလားတူ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့-ဘားအံ ကားလမ်း၊ ထီးဖိုးကလုံးကျေးရွာအနီး၌ မော်တော်ယာဉ် (၂)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထွက် ငါးမြစ်ချင်း ပိဿာ (၅၀၀)၊ အသားတုမျိုးစုံ ကီလိုဂရမ် (၅၀) ပါ (၅၉) အိတ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၅၄၀,၀၀၀) နှင့် ၎င်းပစ္စည်းများ တင်ဆောင်လာသည့် Nissan Condor (၁) စီးနှင့် Nissan Caravan (၁) စီး (ခန့်မှ န်း တန်ဖိုးငွေကျပ် ၄၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁,၅၄၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူထားသည်။

ထို့ပြင် ဇွန် (၂၈) ရက်၌ပင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ကောင်းမှုတော် လမ်းဆုံအနီး၌ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ကြွေပန်းကန်ပြား (၄၃၀) ဖာ၊ ပန်းကန်လုံး ဖာ (၁၁၀)၊ သံချောင်းအ ရှည် (၁၂၂) ချောင်း၊ ဖုန်စုပ်စက် (၃၉၀) လုံး အပါအဝင် ကုန် ပစ္စည်း (၆၅) မျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၇,၅ ၅၄,၁၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူထားကြောင်း သိရသည်။

ထို့ကြောင့် ဇွန် (၂၇) ရက်နှင့် ဇွန် (၂၈) ရက်အတွင်း ဖမ်းဆီးရမိမှု စုစုပေါင်း အမှုတွဲ (၁၅) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂ ၂,၉၁၂,၃၈၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျ က်ရေး ဦးဆောင်ကော်မတီမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here