ကော့ကရိတ်မြို့နေရပ်ပြန်စစ်ရှောင် အိမ်ထောင်စုများအတွက် ပစ္စည်းအမျိုးအစား(၂၃)မျိုးပါ လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်

0
46

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ နေရပ်ပြန်စစ်ရှောင် အိမ်ထောင်စုများအတွက် ပစ္စည်းအမျိုးအစား(၂၃)မျိုးပါ လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ပေးအပ်မှုကို ကရင် ပြည်နယ်အစိုးရအဖွဲ့ နှင့် Save the Children အဖွဲ့မှပူးပေါင်း၍ ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

လက်ရှိတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ မှ ကော့ကရိတ်မြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ဒေသခံအများအပြား မိမိနေအိမ်များသို့ ပြန်လည်အခြေချနေထိုင်လျက်ရှိပြီး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား အရှိန်ဟုန်မပျက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီ(၂၆)ရက်မှ စတင်ကာ ကော့ကရိတ်မြို့အတွင်းသို့ ဒေသခံတိုက်ပွဲရှောင်ပြည်သူများ ပြန်လည်ဝင်ရောက်လာနိုင်ပြီဖြစ်ကြောင်း အသိပေးကြေညာခဲ့ပြီးနောက် ဒေသခံအချို့ ပြန်လည်ဝင်ရောက်လာခြင်းမျိုးရှိကြောင်း သိရသည်။

KNLA နှင့် ပူးပေါင်းအဖွဲ့များ ကော့ကရိတ်မြို့မှ ဆုတ်ခွာသွားပြီးနောက်ပိုင်း တပ်မတော်ဘက်မှ ဧပြီ(၂၅)ရက်တွင် မြို့တွင်းလုံခြုံရေးအတွက် ကြွင်းကျန်နေတတ်သော စစ်လက်နက်ပစ္စည်းများနှင့် မိုင်းကြွင်း မိုင်းကျန်များကို ရှင်းလင်း ဖယ်ရှားပေးခဲ့ပြီဖြစ်သည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာ (၁)ရက်က ဖြစ်ပွားခဲ့သည့် ကော့ကရိတ်မြို့တိုက်ပွဲကြောင့် ကော့ကရိတ်မြို့ရှိ ဒေသခံများအပါအဝင် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာနေပြည်သူများ ရွာလုံးကျွတ်စစ်ရှောင်နေကြရခြင်းလည်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here