ယနေ့ စဉ့်အင်ဖောင်ဆိပ် ယာယီ ပိတ်ထား၊ မန္တလေး – လားရှိုးသွားလမ်းပိုင်းအား ယာပြင်-ဘန့်ဘွေးလမ်းအား အသုံးပြု သွားလာနေ

0
39

ယနေ့ ဇူလိုင်(၁)ရက် နံနက်ပိုင်းမှ စတင်၍ လားရှိုး-သီပေါ လမ်းပိုင်းရှိ စဉ့်‌အင်ဖောင်ဆိပ်အား ယာယီပိတ်ထားလိုက်ပြီဖြစ်ပြီး မန္တလေး-လားရှိုးသွားလမ်းအတွက် နမ့်ပေါင်-မိုင်းရယ်-ဆောင်ကြဲ-ပန်ညှ-နမ့်လန်-ကျောက်ဂူ-ယာပြင်-ဘန့်ဘွေးလမ်းပိုင်းအား အသုံးပြုသွားလာနေကြကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။

ယခင်က မန္တလေးမှ လားရှိုးသို့ ကံကြီး- ဘန့်ဘွေးလမ်းပိုင်းအား အသုံးပြုနေရာမှ လုံခြုံရေးအခြေအနေအရ ယာပြင်- ဘန့်ဘွေးလမ်းပိုင်းအား အသုံးပြုလာကြခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ရပ်စောက်နှင့်အင်တတောကြားလမ်းပိုင်းအားလတ်တလော အခြေအနေအရ မသွားသင့်သေးကြောင်းနှင့် လမ်းပိုင်းအခြေအနေများအား မေးမြန်းစုံစမ်းပြီးမှသာလျှင် သွားလာကြရန် သတိပေးထားသည်။

ပြီးခဲ့သည့် ဇွန်(၂၅)ရက်က တစ်ကျော့ပြန်ဖြစ်ပွားလာသော ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ တိုက်ပွဲကြောင့် ဒေသတွင်း ခရီးသွားယာဉ်များ ရပ်နားထားသည်များရှိသလို သတိထားသွားလာနေရသည့်အခြေအနေမျိုးများ ကြုံတွေ့နေရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here