ထိုင်းတောင်ပိုင်း ယာလာပြည်နယ်မှာ ရဲတိုက်ခန်းရှေ့ ဗုံးပေါက်ကွဲမှုကြောင့် လူ တစ်ဦး‌ေ-သဆုံးပြီး ၁၈ ဦး ဒဏ်ရာရ

0
70

ထိုင်းနိုင်ငံတောင်ပိုင်း နယ်စပ်ပြည်နယ်တစ်ခုဖြစ်တဲ့ ယာလာပြည်နယ် Bannang Sata ခရိုင်ရှိ ရဲတိုက်ခန်းတစ်ခုရှေ့မှာ (ဇွန် ၃၀) မနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် လူ တစ်ဦး ‌ေ-သဆုံးပြီး ၁၈ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

Bannang Sata ခရိုင်ရဲစခန်းပိုင် ရဲတိုက်ခန်းတစ်ခုရှေ့မှာ မနက် ၁၀ နာရီခွဲအချိန်က ဗုံးပေါက်မှုဖြစ်ခဲ့တာလို့ ဆိုပါတယ်။ ပေါက်ကွဲမှုကြောင့် တိုက်ခန်းနဲ့ အနီးရှိနေအိမ်တွေရဲ့ မှန်ပြတင်းတွေနဲ့ မျက်နှာကျက်ပြားတွေ ကွဲကြေပျက်စီးမှုဖြစ်ခဲ့ကြောင်း သိရပါတယ်။ နောက်ထပ်ဗုံးခွဲတိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တဲ့ အန္တရာယ်ကြောင့် အခင်းဖြစ်နေရာကို အာဏာပိုင်တွေက ပိတ်ဆို့ထားခဲ့ပါတယ်။

မျက်မြင်တွေ့ရှိသူတွေကတော့ ကားဗုံးပေါက်ကွဲမှုလို့ ယုံကြည်ကြောင်း ပြောဆိုကြပေမယ့် တိုက်ခန်းရှေ့မှာ ကားအများအပြား ရပ်ထားတာကြောင့် ဆီဒင်ကားလား ပစ်ကပ်ထရပ်ကားက ပေါက်ကွဲတာလားဆိုတာ မဆုံးဖြတ်ရသေးဘူးလို့ အာဏာပိုင်တွေက ပြောဆိုပါတယ်။ ဖြစ်စဉ်အတွင်း ကားတစ်စီး စုတ်ပြတ် မီးလောင်သွားခဲ့သလို အနီးက ကားတွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

‌ေ-သဆုံးခဲ့သူဟာ အမျိုးသမီးတစ်ဦးဖြစ်ပြီး ဘယ်သူဘယ်ဝါဆိုတာ မဖော်ထုတ်နိုင်သေးကြောင်းနဲ့ ဒဏ်ရာရခဲ့သူတွေထဲမှာ ရဲ ၈ ဦးနဲ့ ဒေသခံ ၁၀ ဦး ပါဝင်ကြောင်း သိရပါတယ်။

ဒီဖြစ်ရပ်ဟာ တောင်ပိုင်းစွန်းဒေသမှာ ယခုနှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်တဲ့ ကားဗုံးပေါက်ကွဲမှုဖြစ်တယ်လို့ သိရပါတယ်။

Ref: ဘန်ကောက်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here