နောက်ကျဂိုးတွေနဲ့ကွာတားတက်လာတဲ့ အင်္ဂလန်နဲ့ ဂျော်ဂျီယာကိုဂိုးပြတ်ချေမှုန်းခဲ့တဲ့ စပိန်

0
61

ဂျာမနီနိုင်ငံမှာ ဆက်လက်ဆင်နွှဲနေတဲ့ ယူရို ၂၀၂၄ ရဲ့ ၁၆ သင့်အဆင့် ရှုံးထွက်ပွဲစဉ်တွေမှာတော့ နာမည်ကြီး အင်္ဂလန်နဲ့ စပိန်တို့က ပြိုင်ဘက်တွေကို အသီးသီး အနိုင်ယူသွားခဲ့ကြပါတယ်။

အင်္ဂလန်နဲ့ စလိုဗက်ကီးယားတို့ပွဲမှာတော့ စလိုဗက်ကီးယားက ပထမပိုင်းမှာ ဦးဆောင်ဂိုးစသွင်းခဲ့တာကြောင့် အင်္ဂလန်တို့ နောက်ကလိုက်ကစားခဲ့ရတာပါ။ သို့ပေမယ့် စလိုဗက်ကီးယားရဲ့ ခံစစ်ပိတ်ကစားမှုကြောင့် အင်္ဂလန်တို့ ချေပဂိုးမသွင်းနိုင်ဘဲ အခက်တွေ့နေခဲ့ပါတယ်။ နာကျင်အချိန်ပို(၉၅ မိနစ်) အရောက်မှာတော့ အင်္ဂလန်ကြယ်ပွင့်ကစားသမား ဘယ်လင်ဂမ်က နောက်ပြန်ကန်ချက်နဲ့ လှလှပပ သွင်းယူခဲ့တာကြောင့် အင်္ဂလန်တို့ ယူရိုပြိုင်ပွဲကနေ လှည့်ပြန်ရတော့မယ့်အခြေအနေမှ လွတ်မြောက်ခဲ့ပြီး အချိန်ပိုဆက်ကစားခဲ့ရပါတယ်။

အချိန်ပိုပထမပိုင်း ၁ မိနစ်မှာပဲ အင်္ဂလန်အသင်း ကပ္ပတိန် ဟယ်ရီကိန်းက ခေါင်းတိုက်သွင်းဂိုးနဲ့ ဦးဆောင်ဂိုးရယူခဲ့ပါတယ်။ အင်္ဂလန်တို့ အဲဒီရလဒ်ကိုထိန်းကစားရင်း ၂-၁ဂိုးနဲ့ပဲ ပွဲသိမ်းခဲ့ကာ ကွာတားကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

နောက် စပိန်နဲ့ ဂျော်ဂျီယာတို့ပွဲမှာတော့ စပိန်က ၄-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။ ဂျော်ဂျီယာတို့ ဒီပွဲမှာ ဦးဆောင်ဂိုးအရင်ရခဲ့တာဖြစ်ပြီး ပထမပိုင်း ၁၈ မိနစ်မှာ စပိန်နောက်ခံလူ ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ပွဲချိန် ၃၉ မိနစ်မှာ ရိုဒရီက စပိန်အတွက် ချေပဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းတော့ ဖာဘီယန်ရူးစ်၊ ဝီလိယံနဲ့ အော်လမိုတို့က ၁ ဂိုးစီ ထပ်မံသွင်းယူခဲ့တာကြောင့် စပိန်တို့ ၄-၁ ဂိုးဆိုတဲ့ ရလဒ်နဲ့ ကွာတားကို တက်ရောက်ခဲ့ပါတယ်။

ဒီနေ့ အနိုင်ရခဲ့တဲ့ အင်္ဂလန်အသင်းဟာ ရှုံးထွက်အဆင့်မှာ လက်ရှိချန်ပီယံ အီတလီကို ဖြုတ်ပြီး ကွာတားတက်ခဲ့တဲ့ ဆွစ်ဇာလန်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး စပိန်ကတော့ အိမ်ရှင် ဂျာမနီနဲ့ တွေ့ရမှာဖြစ်လို့ ပွဲကြီးပွဲကောင်းတွေ ဖြစ်ဖို့ရှိနေပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here