ဂါဇာ မြောက်ပိုင်းနဲ့ တောင်ပိုင်း ဧရိယာအတွင်းပိုင်းတွေအထိ အစ္စရေး တင့်ကားတွေ ဝင်ရောက်

0
51
Palestinian women and youth walk past buildings destroyed in the israeli bombardment, as some residents return to the city of Khan Yunis, in the southern Gaza Strip on June 30, 2024, amid the ongoing conflict between Israel and the Palestinian Hamas militant group. (Photo by Eyad BABA / AFP)

အစ္စရေးတပ်တွေဟာ တနင်္ဂနွေနေ့မှာ ဂါဇာမြောက်ပိုင်းရှိ အယ်ရှီဂျာယာရပ်ကွက်အတွင်းပိုင်းအထိ ရှေ့တိုးဝင်ရောက်နိုင်ခဲ့သလို တောင်ပိုင်းရှိ ရာဖာမြို့ အနောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာလည်း နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်နေခဲ့ကြောင်း သိရပါတယ်။ ယင်း တိုက်ပွဲတွေအတွင်း ပါလက်စတိုင်း ခြောက်ဦးထက်မနည်း ‌ေ-သဆုံးခဲ့ပြီး နေအိမ်များစွာ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

လွန်ခဲ့တဲ့ လေးရက်ခန့်ကစလို့ အယ်ရှီဂျာယာကို ပြန်လည်ဝင်ရောက်လာခဲ့တဲ့ အစ္စရေးတင့်ကားတွေဟာ နေအိမ်တွေရှိရာကို အမြောက်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် မိသားစုတွေ နေအိမ်တွင်းမှာပဲ ပိတ်မိနေကြပြီး ထွက်ခွာလို့မရဖြစ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အပတ်စဉ် ကက်ဘိနက်အဖွဲ့ အစည်းအဝေးအတွင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပါလက်စတိုင်း စစ်သွေးကြွ ဟားမတ်စ်အုပ်စုနဲ့ စစ်ပွဲ အောင်နိုင်ရေးအတွက်မှာ အစားထိုးစရာမရှိဘူးဆိုတဲ့ သူ့ရဲ့ ရပ်တည်ချက်ကို ထပ်လောင်းပြောကြားခဲ့ကြောင်း သိရပါတယ်။

မိမိတို့တပ်တွေဟာ ရာဖာ၊ ရှီဂျာယာနဲ့ ဂါဇာကမ်းမြောင် နေရာတိုင်းမှာ စစ်ဆင်ရေးလုပ်နေကာ အကြမ်းဖက်သမား ဒါဇင်နဲ့ချီ၍နေ့စဉ် သုတ်သင်ရှင်းလင်းနေကြောင်း၊ မြေပြင်စစ်ဆင်မှုမှာ ခက်ခဲတဲ့ တိုက်ပွဲတစ်ခုဖြစ်ပြီး တစ်ခါတစ်ရံ လက်ရုံးချင်းယှဉ်တိုက်ရတာရှိသလို မြေအောက်လိုနေရာမှာပင် တိုက်ခိုက်ကြရကြောင်း နေတန်ယာဟုက ပြောဆိုပါတယ်။

နေတန်ယာဟုရဲ့ ပြောဆိုချက်တွေထွက်လာပြီး နာရီပိုင်းအကြာမှာပဲ ဟားမတ်စ်ရဲ့ လက်နက်ကိုင်တပ်ဖွဲ့က လက်နက်ထုတ်လုပ်နေတဲ့ ဗီဒီယိုတစ်ခုကို ထုတ်ပြန်ကာ အစ္စရေးအပေါ် အံ့တုတုန့်ပြန်မှုကို ပြသခဲ့ပါတယ်။

တိုက်ခိုက်ရေးသမားတွေက တင့်ကားဖျက်လက်နက်ထိပ်ဖူးတွေ ပြင်ဆင်နေပုံကို ယင်းဗီဒီယိုမှာပြသခဲ့ပြီး ၎င်းတို့နောက်မှာရှိနေတဲ့ တီဗီပေါ်မှာပြနေတဲ့ သတင်းအကြောင်းအရာတွေအရ ဒီဗီဒီယိုဖိုင်ဟာ မကြာခင်ကမှ ရိုက်ကူးထားတဲ့ ဗီဒီယိုလို့ ယူဆရကြောင်း ရိုက်တာက ဖော်ပြခဲ့ပါတယ်။

Ref: Alarabiya News


LEAVE A REPLY

Please enter your comment!
Please enter your name here