ကျောက်မဲမြို့ ဝမ်းလပ်ဟိုတယ်နှင့် အနီးပတ်ဝန်းကျင် နေအိမ်အချို့ မီးလောင်မှုဖြစ်ပွား

0
44

တကျော့ပြန် တိုက်ပွဲများဖြစ်ပွားနေသည့် ကျောက်မဲမြို့ရှိ ဝမ်းလပ်ဟိုတယ်တွင် ဇွန်(၃၀)ရက် ညသန်းခေါင်ယံအချိန်၌ မီးလောင်ကျွမ်းမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံက သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ဝမ်းလပ်ဟိုတယ်အပါအဝင် အနီးပတ်ဝန်းကျင်နေအိမ်အချို့ မီးသင့်ခဲ့ရကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုသည် လေကြောင်းတိုက်ခိုက်မှုတစ်ခုကြောင့် မီးလောင်ကျွမ်းခဲ့ရခြင်းဖြစ်သည်ဟု ဒေသတွင်း သတင်းများတွင် ဖော်ပြထားသော်လည်း ပေါ်ပြူလာနယူးစ်အနေဖြင့် ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။

ယနေ့ ဇူလိုင်(၁)ရက် နံနက်ပိုင်းတွင်လည်းကျောက်မဲမြို့၊ အခြေခံပညာ အထက်တန်းကျောင်း အထက (၂)အနီး မီးလောင်ကျွမ်းမှုတစ်ခု ထပ်မံဖြစ်ပွားနေကြောင်း သိရသည်။

ထို့ပြင် ကျောက်မဲမြို့တွင် တယ်လီနော နှင့် အော်ရီဒူးလိုင်းများဆက်သွယ်၍ မရ‌ရှိတော့သည့်အပြင် အင်တာနက်လိုင်းများလည်း ပြတ်တောက်နေပြီး Mytel နှင့် Mpt ဖုန်းလိုင်းများမှာလည်း ဆက်သွယ်ရခက်ခဲသည့် အခြေအနေတွင်ရှိနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here