ဖိလစ်ပိုင်၌ မီးရှူးမီးပန်းဂိုဒေါင်ပေါက်ကွဲ၊ ငါးဦး‌ေ-သ၊ ၃၈ ဦးဒဏ်ရာရ

0
71

မနီလာ၊ဇွန် ၃၀

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းရှိ မီးရှူးမီးပန်းသိုလှောင်ရုံတစ်ခု၌ ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပွားခဲ့ရာ လေးနှစ်အရွယ်ကလေးတစ်ဦးအပါအဝင် လူငါးဦး‌ေ-သဆုံးခဲ့ကြောင်း အရေးပေါ် ဌာနက ဇွန် ၃၀ ရက်တွင်ပြောကြားခဲ့သည်။

စနေနေ့မွန်းလွဲပိုင်းကဖြစ်ခဲ့သည့် အဆိုပါပေါက်ကွဲမှုကြောင့် မြေကြီး၌အပေါက်ကြီးတစ်ခုဖြစ်သွားခဲ့ပြီး အနီးနားရှိအဆောက်အအုံများနှင့် အိမ်များသို့ပါ အပျက်အစီးများပျံ့နှံ့ရောက်ရှိကာ မီးလောင်ကျွမ်းခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီသို့ပြောကြားခဲ့သည်။

ပေါက်ကွဲမှုအတွင်း စက်ရုံဝန်ထမ်းလေးဦး‌ေ-သဆုံးကာ ၎င်းဝန်ထမ်းများထဲမှဝန်ထမ်းတစ်ဦး၏ လေးနှစ်အရွယ် ကလေးငယ်တစ်ဦးလည်း‌ေ-သဆုံးသွားခဲ့သည်ဟုသိရှိရသည်။

ဝန်ထမ်း ၃၈ ဦးထိခိုက်ဒဏ်ရာရရှိကာ ဆေးကုသမှုခံယူနေရပြီး ၎င်းတို့အနက် ရှစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်းလည်းသိရသည်။အာဏာပိုင်များက ပေါက်ကွဲမှုဖြစ်ရသည့်အကြောင်းအရင်းကိုစုံစမ်းလျက်ရှိပြီး ပေါက်ကွဲမှုပြင်းသဖြင့် မီးငြှိမ်းသတ်ရန် နှစ်နာရီနီးပါးကြာခဲ့သည်ဟုလည်းသိရသည်။

Source : အေအက်ဖ်ပီ/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here