ချောင်းဦးမြို့နယ်၊ ငါးယှန်ရွာအနီး မိုင်းပေါက်ကွဲမှုဖြစ်ပွားကာ ပစ်ခတ်မှုများကြောင့် ခရီးသွားပြည်သူအချို့‌ေ-သဆုံးကာ (၂၀) ကျော်ဒါဏ်ရာရ

0
81

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ရွာအနီး ဇွန်လ (၃၀) ရက်၊ နံနက်ပိုင်းက မိုင်းပေါက်ကွဲမှု ဖြစ်ပွားကာ ပစ်ခတ်မှုများကြောင့် ခရီးသွားပြည်သူအချို့‌ေ-သဆုံးခဲ့ရပြီး (၂၀) ကျော်ဒါဏ်ရာရခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့မှ မုံရွာမြို့သို့ မောင်းနှင်ထွက်ခွာလာသည့် ခရီးသည်တင်ယာဥ်များကို ချောင်းဦးမြို့နယ်၊ ငါးယှန်ရွာအနီးတွင် PDF အမည်ခံ လက်နက်ကိုင်အဖွဲ့များက လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် ခရီးသွားအချို့‌ေ-သဆုံးပြီး အများအပြား ထိခိုက်ဒါဏ်ရာရခဲ့ကြောင်း နစကမှလည်း သတင်းထုတ်ပြန်ထားသည်။

ရွှေစင်စင်္ကြာ၊ စိန်ဌေးလှိုင်၊ နယူးစွမ်း၊ FAMOUS၊ ရွှေမန္တလာ ၊ ရွှေသလ္လာခရီးသည်တင်ယာဥ်တို့သည် ရန်ကုန်မှ မုံရွာသို့ထွက်ခွာလာစဥ် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ပစ်ခတ်မှုကြောင့် ခရီးသွားပြည်သူ အမျိုးသမီးတစ်ဦး ‌ေ-သဆုံးခဲ့ပြီး သံဃာတော်တစ်ပါးအပါအဝင် အမျိုးသား (၁၃)ဦး၊ အမျိုးသမီး (၁၀)ဦး ထိခိုက်ဒါဏ်ရာရခဲ့ကြောင်း သိရသည်။

ဖြစ်ပွားရာသို့ မုံရွာနှင့် ချောင်းဦးမှလုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံ‌ရေးကိစ္စ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ထိခိုက်ဒါဏ်ရာရသူများကို မုံရွာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးကာ လိုအပ်သည့် ဆေးကုသမှာများ ဆောင်ရွက်နိုင်ရေးစီစဥ်ကာထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here