နိုင်ငံတကာယဉ်ကျေးမှုနှင့် အားကစားပွဲတော် (နဂါးလှေလှော်) ပြိုင်ပွဲတွင် မြန်မာအသင်းပထမ (ရွှေတံဆိပ်) ဆု (၂) ခုဖြင့် နိုင်ငံအလိုက် အဆင့်ပထမရရှိ

0
38

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Barnaul မြို့တွင် ကျင်းပခဲ့သည့် နိုင်ငံတကာယဉ်ကျေးမှုနှင့် အားကစားပွဲတော် (နဂါးလှေလှော်) ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု လှေလှော်အားကစားသမားများသည် မီတာ (၅၀၀) အမျိုးသား (၁ဝ) တက်လှော်ပြိုင်ပွဲတွင် ပထမ (ရွှေတံဆိပ်) ဆု ထပ်မံဆွတ်ခူးရရှိပြီး နိုင်ငံအလိုက်အဆင့် ပထမရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ နိုင်ငံတကာ ယဉ်ကျေးမှုနှင့် အားကစားပွဲ (နဂါးလှေလှော်) (International Sports Festival Altai Regatta. Dragon Festival) ပြိုင်ပွဲကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Barnaul မြို့တွင် ဇွန်(၂၈)ရက်မှ စတင်ကျင်းပခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲ၌ မီတာ (၅၀၀) အမျိုးသား (၁၀) တက်လှော်ပြိုင်ပွဲတွင် ရေလမ်းကြောင်း နံပါတ် (၂) မှ ယှဉ်ပြိုင်သည့် မြန်မာအသင်းက စံချိန် ၀၂:၀၁.၅၅၁ ဖြင့် ပထမ (ရွှေတံဆိပ်) ဆု၊ ရေလမ်းကြောင်းနံပါတ် (၄) မှ ယှဉ်ပြိုင်သည့် အင်ဒိုနီးရှားအသင်းက စံချိန် ၀၂:၀၂.၇၆၂ ဖြင့် ဒုတိယ (ငွေတံဆိပ်) ဆု၊ ရေလမ်းကြောင်းနံပါတ် (၃) မှ ယှဉ်ပြိုင်သည့် ကမ္ဘောဒီးယားအသင်းက စံချိန် ၀၂:၀၆.၁၆၅ ဖြင့် တတိယ (ကြေးတံဆိပ်) ဆု၊ ရေလမ်းကြောင်း နံပါတ် (၅) မှ ယှဉ်ပြိုင်သည့် ဖိလစ်ပိုင်အသင်းက စံချိန် ၀၂:၀၇.၁၁၁ ဖြင့် စတုတ္ထဆု၊ ရေလမ်းကြောင်းနံပါတ် (၁) မှ ယှဉ်ပြိုင်သည့် ဥဇဘက်ကစ္စတန် အသင်းက စံချိန် ၀၂:၁၁.၆၅၀ ဖြင့် ပဉ္စမအဆင့်နှင့် ရေလမ်းကြောင်းနံပါတ် (၆) မှ ယှဉ်ပြိုင်သည့် ရုရှားအသင်းတို့က စံချိန် ၀၂:၁၂.၁၅၀ ဖြင့် ဆဌမအဆင့်တို့ အသီးသီးရရှိခဲ့ကြောင်း သည်။

ဆက်လက်၍ ဒေသစံတော်ချိန် နေ့လယ် (၁)နာရီ (၃၀)မိနစ်တွင် ကျင်းပသည့် အမျိုးသား (၁၀) တက်လှော်မီတာ (၂၀၀၀) ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် မြန်မာအသင်းသည် ဆဌမအဆင့်ရရှိခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲများအပြီးတွင် မြန်မာအသင်းက မီတာ (၂၀၀) နှင့် မီတာ (၅၀၀) အမျိုးသား (၁၀) တက်လှော်ပြိုင်ပွဲတိုတွင် ပထမ (ရွှေတံဆိပ်) ဆု (၂) ဆု ဆွတ်ခူးရယူနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မီတာ (၂၀၀၀) ပြိုင်ပွဲတွင် အကောင်းဆုံးယှဉ်ပြိုင်လှော်ခတ်သွားနိုင်သော်လည်း ရလာဒ်အနေဖြင့် အဆင့် (၆) ဖြင့်သာ ကျေနပ်ခဲ့ရသော်လည်း ပြိုင်ပွဲများအပြီးတွင် မြန်မာအသင်းအနေဖြင့် ပြိုင်ပွဲဝင်အသင်း (၇) နိုင်ငံအနက် နိုင်ငံအလိုက် ပထမအဆင့် ရရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here