မြန်မာသံရုံးနှင့် FEC အကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေး

0
39

တိုကျိုမြို့ရှိ မြန်မာသံရုံးနှင့် The International Friendship Exchange Council (FEC) အကြား ဆက်လက်၍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်နှင့် The International Friendship Exchange Council (FEC) ၏ ဥက္ကဋ္ဌဖြစ်သူ Mr. Ken Matsuzawa တို့ ဇွန် (၂၈) ရက်၊ မွန်းလွဲပိုင်းက The International Friendship Exchange Council (FEC) ရုံးခန်း၌ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ထို့သို့တွေ့ဆုံစဉ် မြန်မာသံရုံး၊ တိုကျိုမြို့နှင့် The International Friendship Exchange Council (FEC) တို့ ပူးပေါင်း၍ ၂၀၂၄ ခုနှစ်အတွင်း ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး ကိစ္စများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြန်မာသံရုံးသည် The International Friendship Exchange Council (FEC) နှင့် ပူးတွဲကာ ၂၀၂၂ ခုနှစ်၊ မတ်လတွင် Myanmar-Japan Business Forum ၊ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် Business Consultation Meeting ၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် Myanmar-Japan Business Forum အသီးသီးကို ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here