ရေဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့်ပတ်သက်၍ လူကယ်ပြန် ဝန်ကြီးဌာနမှ သတိပေးချက်များထုတ်ပြန်သတိပေးထား

0
57

မြန်မာနိုင်ငံ၌ နှစ်စဉ် ဇူလိုင်၊ ဩဂုတ်လများတွင် ရေဘေးအန္တရာယ်နှင့် ကြုံတွေ့ရလေ့ရှိပြီး မိုးရွာသွန်းမှု၊ မြစ်ရေကြီးမှုအခြေအနေများအရ ပုံမှန်ရေကြီးရေလျှံမှုများအပြင် အချိန်တိုအတွင်း မိုးရေချိန် များပြားစွာရွာသွန်းမှုကြောင့် လျှပ်တစ်ပြက်ရေကြီးခြင်းများ၊ တောင်ပြို၊ မြေပြိုခြင်းများကိုလည်း ကြုံတွေ့ရနိုင်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သိရသည်။

သို့ဖြစ်၍ ပြည်သူများအနေဖြင့် ရေဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ လျော့နည်းသက်သာစေရန်အတွက် ရေဘေးမဖြစ်ပွားမီ ကြိုတင်ပြင်ဆင်မှုများကို ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးနိုင်ရန် အသိပေးနှိုးဆော်ထားခြင်းဖြစ်သည်။

မိမိအိမ်ပတ်ဝန်းကျင်ရှိ ဘေးအန္တရာယ်ဖြစ်နိုင်ခြေများနှင့် အိမ်၏ ကြံ့ခိုင်မှုကို စစ်ဆေးရန်၊ မိသားစုများ အရေးပေါ်ပြောင်းရွှေ့နိုင်ရန် နေရာ၊ လမ်းကြောင်းများနှင့် မိသားစုဆုံရပ်ကို ကြိုတင်သတ်မှတ်ထားရန်၊ ရေစိုပျက်စီးနိုင်သော ပစ္စည်းများကို ခြောက်သွေ့၍ မြင့်သော နေရာတွင်ထားရှိရန်၊ မိမိပတ်ဝန်းကျင်ရှိ မြစ်ချောင်းများ၏ အန္တရာယ်ရှိနိုင်သော ရေကြီးမှုအမြင့်ပေများကို သိရှိမှတ်သားထားရန်၊ သောက်သုံးရေများ ကြိုတင်စုဆောင်းထားရန်၊မြေနိမ့်ဒေသ၊ ချိုင့်၊ ရေနုတ်မြောင်း အစရှိသည့် ရေလွှမ်းမိုးပါက အန္တရာယ်ဖြစ်နိုင်သောနေရာများကို မြင်သာသော အမှတ်အသားထားရှိရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အသိပေးထားသည်။

ထို့ပြင် အရေးပေါ်သုံးပစ္စည်းများနှင့် အရေးပေါ်အသက်ကယ်ပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားရန်၊ ရေကြီးခြင်း သတိပေးချက်ရလျှင် ပြည်သူများအနေဖြင့် အောက်ပါတို့ကို သတိပြုလိုက်နာ ဆောင်ရွက်ကြရန် လိုအပ်ကြောင်းလည်း သတိပေးချက်တွင် ဖော်ပြထားသည်။

အလားတူ သက်ဆိုင်ရာအစိုးရ ဌာနမှ ထုတ်ပြန်ကြေညာသော မိုးလေဝသ သတင်းများကို စဉ်ဆက် မပြတ်နားထောင်ပြီး အကြံပြုချက်ကို လိုက်နာရန်နှင့် အခြားသူများကိုမျှဝေရန်၊ တောင်ပေါ်ဒေသများချောင်းဖျား၊ မြစ်ဖျားများတွင် မိုးကြီးပါက မြစ်ဝှမ်းတစ်လျှောက်တွင် လျှပ်တစ်ပြက်ရေကြီးခြင်းများ ဖြစ်နိုင်ကြောင်း သတိပြုရန်၊ အရေးပေါ်သုံးပစ္စည်းများ၊ စားရေရိက္ခာနှင့် အရေးကြီးစာရွက်စာတမ်းများကို မိမိနှင့် အတူထားရှိပါ၊ မိသားစုဝင်များ ကွဲကွာသွားပါက ပြန်လည်ဆက်သွယ်ရန် ဖုန်းနံပါတ်၊ အမည်၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့ဆက်သွယ်ရမည့်သူစသည်တို့အား ရေးသားပြီး မိသားစုဝင်တိုင်း ယူဆောင်ထားရန်၊ သက်ဆိုင်ရာအစိုးရဌာန၏ ညွှန်ကြားချက်ရရှိပါက ရွေးချယ်ထားသော ဘေးလွတ်ရာ နေရာ သို့ ပြောင်းရွှေ့ခိုလှုံရန် အသိပေးနှိုးဆော်ထားသည်။

ထို့ပြင် သဘာဝဘေးအန္တရာယ်များနှင်ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနတွင် (၂၄) နာရီ ဖွင့်လှစ်ထားရှိသည့် Hot-Line ဖုန်းများဖြစ်သော ၀၆၇-၃၄၀၄၆၆၆၊ ၀၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနက အသိပေးကြေညာထားသည်။

ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်တွင် တစ်နိုင်ငံလုံးအတိုင်း အတာအနေဖြင့် ရေဘေးဖြစ်ပွားမှု အကြိမ်ရေ (၁ ၄၄) ကြိမ် ဖြစ်ပွားခဲ့ပြီး နေအိမ်အဆောက်အအုံပေါင်း (၂၇ ၉) လုံး ထိခိုက်ပျက်စီးခဲ့သည့်အပြင် လူနှင့်တိရစ္ဆာန်‌ေ-သဆုံး၊ ထိခိုက်/ဒဏ်ရာရရှိမှု များပြားလှသည့် ဘေးအန္တရာယ်တစ်ခုဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here