အသက် ၁၇ နှစ်အရွယ် တရုတ်ကြက်တောင် ကစားသမားတစ်ဦး ကွင်းအတွင်း လဲကျ ေ သဆုံးမှုဖြစ်ပွား

0
72

အင်ဒိုနီးရှားနိုင်ငံ Yogyakarta မှာ ကျင်းပနေတဲ့ အာရှအငယ်တန်း ချန်ပီယံရှစ် ကြက်တောင်ပြိုင်ပွဲတစ်ခုမှာ အသက် ၁၇ နှစ်အရွယ် တရုတ်ကြက်တောင်ကစားသမား Zhang Zhijie ကွင်းအတွင်း လဲကျ‌ေ-သဆုံးမှုဖြစ်ခဲ့တဲ့အပေါ် ဝမ်းနည်းကြေကွဲရကြောင်း အာရှကြက်တောင်အဖွဲ့အစည်းက တနင်္လာနေ့(ဇူလိုင် ၁) မှာ ထုတ်ပြန်ပါတယ်။

ပြိုင်ဘက် ဂျပန်ကစားသမားနဲ့ ယှဉ်ပြိုင်နေစဉ်အတွင်း Zhang လဲကျသွားခဲ့တာဖြစ်တယ်လို့ အင်ဒိုနီးရှား ကြက်တောင်အဖွဲ့ချုပ်နဲ့ အာရှကြက်တောင်အဖွဲ့အစည်းတို့ရဲ့ ပူးတွဲထုတ်ပြန်ချက်မှာ ပြောဆိုပါတယ်။

အခင်းဖြစ်နေရာကို ပြိုင်ပွဲရဲ့ သက်ဆိုင်ရာ ဆေးအဖွဲ့ ရောက်ရှိလာပြီးနောက် သူ့ကို အရေးပေါ်ကားနဲ့ ဆေးရုံကို ခေါ်ဆောင်သွားခဲ့ကြောင်းနဲ့ Zhang ဟာ ည ၁၁း၂၀ နာရီအချိန် ဆေးရုံမှာ ကွယ်လွန်သွားခဲ့ရကြောင်း ၎င်းတို့က ပြောဆိုခဲ့ပါတယ်။

အာရှကြက်တောင်အဖွဲ့နဲ့ ပြိုင်ပွဲကျင်းပရေးကော်မတီတို့က Zhang ရဲ့ မိဘတွေနဲ့ တရုတ် ကြက်တောင်အဖွဲ့အစည်းထံ ဝမ်းနည်းကြောင်းစာလွှာတွေ ချက်ချင်း ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

Zhang အနေနဲ့ အချိန်မီ ဆေးဝါးကုသမှု ခံယူခဲ့ရသလားဆိုတဲ့အပေါ် သိရှိနိုင်ဖို့ အင်ဒိုနီးရှားဘက်က သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ဆက်သွယ်ဆောင်ရွက်နေကြောင်း တရုတ် ကြက်တောင်အဖွဲ့အစည်းက အစိုးရကျောထောက်နောက်ခံပြု China Newsweek သတင်းဋ္ဌာနကို တနင်္လာနေ့မှာ ပြောဆိုခဲ့ပါတယ်။

Ref: ဘန်ကောက်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here